Part 1♡︎

984 105 20
                                    


Paris ရဲ့မနက်ခင်းဟာလှပတယ်~

အသင့်ထုတ်ထားတဲ့ ကော်ဖီခွက်ထဲကို စက်ထဲက ကော်ဖီတွေလောင်းထည့်လိုက်တယ်။ မွှေးလွန်းတဲ့ကော်ဖီရဲ့ရနံ့ကြောင့် မပွင့်သေးတဲ့မျက်လုံးတောင် ပွင့်ချင်သလိုလိုဖြစ်လာလေသည်။ နောက်ပြီး ကုန်ခါနီးဖြစ်နေတဲ့ ပေါင်မုန့်ကြမ်းကိုထုတ်လိုက်တယ်။
ကော်ဖီခါးခါး နဲ့ ပေါင်မုန့်ကြမ်း
ဒါကတော့ ကျွန်တော့်ရဲ့ daily breakfastပေါ့။

breakfast စားပြီးတာနဲ့ အိမ်မှာလိုအပ်တွေကုန်နေပြီဖြစ်တဲ့အတွက် သွား၀ယ်ဖို့အောက်ကိုဆင်းလာခဲ့တယ်၊ အိမ်အောက်ထပ်က France အဒေါ်ကြီးကို 'bonjour tante!'လို့ ပြုံးပြပြီးနှုတ်ဆက်ရင်းထွက်လာလိုက်တယ်။

Paris မှာနေတာ ၁နှစ်နီးပါးလောက်ရှိပြီဖြစ်တဲ့​အတွက် France စကားကိုကျွမ်းကျင်အဆင့်တော့မဟုတ်ပေမဲ့ လည်လည်၀ယ်၀ယ်ပြောတတ်နေပြီဖြစ်တယ်၊ France လိုမကျွမ်းလဲ English လိုကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်သည့် ကျွန်တော့်အတွက်​ Paris မှာနေရတာမခက်ခဲ။

Sydeny မှာမွေးသည့်အတွက် English ဟာမိခင်ဘာသာစကားလိုပင်၊ Sydeny မှာမွေးပေမဲ့ကျွန်တော်က English လူမျိုးတစ်ယောက်တော့မဟုတ်ဘူး၊ အမေရောအဖေရောက Korean ဖြစ်ပြီး၊ Sydeny မှာကျွန်တော့်ကိုမွေးခဲ့တယ်။ ဒါကြောင့်ပြောရမယ်ဆိုရင်တော့ ကျွန်တော်က Aussie နိုင်ငံသား Korea လူမျိုးပေါ့။

ကျွန်တော့်အချစ်ရေးအကြောင်းကိုပြောရမယ်ဆိုရင်တော့ နည်းနည်းတော့ထူးခြားတယ်၊ အံ့သြစရာကောင်းတဲ့အချက်က ကျွန်တော့်ဘ၀မှာပထမဆုံးချစ်ခဲ့မိတဲ့လူက မိန်းကလေးတစ်ယောက်မဟုတ်ဘူး၊ သူကကျွန်တော့်လိုပဲ ယောကျ်ားတစ်ယောက်...။

ကျွန်တော်အသက် ၁၇နှစ် မှာ Korea ပြောင်းလာပြီး အထက်တန်းကိုဆက်တက်ခဲ့တယ်။ စစပြောင်းလာချင်းတုန်းက Korea လိုသေချာမပြောတတ်တဲ့အတွက် high school မှာတခြားကျောင်းသားတွေရဲ့အနိုင်ကျင့်ခြင်းကိုခံခဲ့ရတယ်။ အိမ်ကိုစိတ်မဆင်းရဲစေချင်တာကြောင့် အဲ့အကြောင်းတွေကိုပြန်မပြောပဲတစ်ယောက်ထဲကြိတ်ခံခဲ့တယ်။ ဒါပေမဲ့တစ်နေ့မှာ လူတစ်ယောက်က အဲ့ကျောင်းသားတွေရဲ့လက်ထဲကနေ ကျွန်တော့်ကိုကယ်တင်ပေးခဲ့တယ်။

𝐼𝑛 𝑃𝑎𝑟𝑖𝑠_Where stories live. Discover now