Part 3♡︎

550 81 16
                                    


ဒုတိယ​အကြိမ်တွေ့ဆုံခြင်း~

တစ်နေကုန် လျှောက်သွားနေရင်း ညနေတောင်စောင်းလာပြီ။ အရမ်းမဝေးတဲ့ နေရာတွေတော်တော်များများကိုရောက်ခဲ့ပေမဲ့ Paris ရဲ့အဓိကနေရာတွေဖြစ်တဲ့ Eiffel Tower တို့ Louvre Museum တို့ကိုတော့ နည်းနည်းလှမ်းတဲ့အတွက် မသွားရသေး။ ကားစီးဖို့အတွက် ပိုက်ဆံလည်းပါမလာတာ​ကြောင့် နောက်နေ့မှသွားဖို့ပဲဆုံးဖြတ်လိုက်တယ်။

မှောင်ရီပျိုးလာတဲ့အချိန်မှာ ထွန်းထားတဲ့ လမ်းမီးတိုင်ဝါဝါတွေဟာ Paris ရဲ့ညအလှကိုပို၍တိုးစေသယောင်။

hotel အပြန်လမ်းကိုမမှတ်မိတာ​​မို့map ကြည့်ဖို့ဖုန်းကိုထုတ်လိုက်တော့ တစ်နေကုန်သုံးထားတာမို့ battery down ပြီး power off သွားပြီ။ power bank လည်းပါမလာတာကြောင့်ဘာဆက်လုပ်ရမလဲမသိ၊ ဒီလောက်များပြားတဲ့လမ်းတွေကို map မကြည့်ပဲသူဘယ်နည်းနဲ့မှမမှတ်မိနိုင်ပေ။

ထိုအချိန်တွင်ရွာလာသည့်မိုးကြောင့် ဆိုင်တစ်ခုရဲ့အပြင်ကအမိုးအောက်ထဲအမြန်ပြေး၀င်လိုက်သည်။မိုးရေထဲမှာလမ်းရှာရန်မဖြစ်နိုင်တဲ့အတွက် မိုးတိတ်မှ လမ်းဆက်ရှာမယ်ဟုဆုံးဖြတ်ကာမှ မတိတ်ပဲပို၍သည်းလာသော​မိုးကြောင့် သူ့စိတ်တွေတော်တော်ညစ်နေပြီဖြစ်တယ်။Paris ရဲ့ပထမဆုံးနေ့ကသူ့အတွက်တော်တော်ကံဆိုးတာပဲဟုတွေးမိသည်။ဒါပေမဲ့ cafe မှာတွေ့ခဲ့တဲ့ကောင်လေးကတော့ကံဆိုးမှုတွေကြားက ကံကောင်းမှုလေးပေါ့။ ထိုကောင်လေးအကြောင်းတွေးလိုက်သည်နှင့်နှုတ်ခမ်းက အလိုလိုပြုံးမိလာသည်။

'Hwang Hyunjin မင်းတော့ရူးနေပြီ ဟိုကဖြင့်မင်းကိုမှတ်တောင်မှတ်မိမှာမဟုတ်ဘူး'

ကိုယ့်ကိုကိုယ်ပြန်သတိပေးရင်း ရယ်နေမိသည်။

ထိုအချိန်တွင်

Hey! Are u Ok?

ထိုင်နေသည့်သူ့ကိုဦးတည်ပြီးပြောလာတာကြောင့် ဘယ်သူလဲဟုမော့ကြည့်လိုက်တဲ့အချိန်တွင်.......

Lix's POV

အိမ်ကိုပြန်မယ်လုပ်ထားပေမဲ့ ဖုန်းဆက်ပြီးလှမ်းခေါ်တဲ့ တစ်ဦးတည်းသောသူငယ်ချင်း Seungmin ကြောင့် Seungmin အိမ်ကိုပဲသွားဖို့လုပ်လိုက်သည်။ ဒီကိုပြောင်းလာပြီးထဲကအသိဆိုလို့ Seungmin ပဲရှိတာကြောင့် Seungmin ကိုသူအရမ်းခင်သည်။

𝐼𝑛 𝑃𝑎𝑟𝑖𝑠_Where stories live. Discover now