ပထမဆုံးတွေ့ဆုံခြင်း~Ring Ring Ring~
အဆက်မပြတ်မြည်နေတဲ့ဖုန်းသံ
ကြောင့် Hyunjin တစ်ယောက်အိပ်နေရာကနိုးလာခဲ့တယ် ။'누구세요?'
🗣'ဘယ်သူလဲဆိုတော့ မင်းအဖေ Han Jisung'
'စောစောစီးစီးဘာလဲကွာ'
🗣'ဘာလဲမင်းက Paris ရောက်သွားပြီဆိုတော့ ငါ့ကိုမေ့သွားတာလား အေးပါစိတ်ဓာတ်လေးတွေသိရတာပေါ့'
'မင်းရစ်ချင်ရင် Minho ကိုသွားရစ်ပါလား ဘာလို့ငါ့ကိုလာရစ်နေတာလဲ ဖုန်းချလိုက်တော့မယ် ဒါပဲ'
🗣'အမလေး ခနနေပါအုန်း ငါကအကောင်းပြောမလို့ပါ ငါ့ကောင်လေးရဲ့ဦးလေးက professional photographer လေ အဲ့ဒါသူကအခုဓာတ်ပုံပြိုင်ပွဲတစ်ခုလုပ်မလို့တဲ့ winner အတွက် camera တစ်လုံးနဲ့ သူ့စီမှာသင်တန်း ၁လတက်ခွင့်ပေးမှာတဲ့ အဲ့ဒါမင်းကလည်းဓာတ်ပုံရိုက်ရတာဝါသနာပါတော့မင်းများပြိုင်ချင်မလားလို့လှမ်းမေးတာ'
'ဘာာာာ ဓာတ်ပုံပြိုင်ပွဲ!!! ပြိုင်မှာပေါ့ကွဒီလိုအခွင့်အရေးကိုလက်လွှတ်ခံစရာလား'
🗣'ပြိုင်မယ်ဆိုလည်းပြီးရော ငါသူ့ကိုပြန်ပြောပေးထားမယ် မင်း camera ယူသွားတယ်မလား ရောက်နေတာကလည်း Paris ဆိုတော့သေချာသာရိုက်ခဲ့တော့'
'အေးပါ ကျေးဇူးပဲကွာ Jisung na'
ဓာတ်ပုံပြိုင်ပွဲတဲ့လား...။ ဓာတ်ပုံရိုက်ရတာအရမ်းဝါသနာပါတာကြောင့် ဒီလိုပြိုင်ပွဲကိုသူအရမ်းပြိုင်ချင်ခဲ့တာ ။
'ဟူးး ကံတရားကြီးကငါ့ကိုတော်တော်ချစ်နေပါလား အရမ်းသွားချင်တဲ့ Paris လည်းသွားရတယ် အခုလည်းပြိုင်ချင်နေတဲ့ ဓာတ်ပုံပြိုင်ပွဲပြိုင်ရတော့မယ် ဒါဆိုလည်း ရည်းစားလေးတစ်ယောက်လောက် ရအောင်ပါလုပ်ပေးပါလား'
ဓာတ်ပုံသေချာရိုက်ဖို့အတွက်ဆိုtourist guide နဲ့သွားဖို့အဆင်မပြေလောက်တော့ပေ ။ ဒါကြောင့် ဖုန်းထဲက map ကိုကြည့်ပြီးတစ်ယောက်ထဲပဲသွားရတော့မည်။
အရမ်းအပြင်ထွက်ချင်စိတ်ကြောင့် Hotel ကမနက်စာကိုတောင်မစားပဲ ရေချိုးပြီးတာနဲ့ camera ကိုကောက်ယူပြီး တန်းထွက်လာခဲ့လိုက်တယ်။