Part 7♡︎

494 64 13
                                    


alarm သံမြည်ဖို့ 1နာရီလောက်လိုသေးတဲ့ ဖုန်းကိုယူပြီး ကြိုပိတ်ထားလိုက်သည်။ နာရီကိုကြည့်လိုက်တော့ 6:00။ နှစ်တိုင်း ဒီနေ့ဆို သာမန်နေ့တွေထက် သူအစောကြီးနိုးနေကျ။

လွန်ခဲ့တဲ့ ၃နှစ်က ဒီလိုနေ့မျိုးမှာ.....

"Yongbok ah ငါပြောစရာရှိတယ်"

"အင်း ပြောလေ Hyung"

"ငါ Japan ကိုသွားရတော့မယ် အဲ့ဒါ...."

"ကျောင်းသွားတတ်မှာလား? အလုပ်သွားလုပ်မှာလား? ကျွန်တော်လည်း Japan ရောက်ဖူးချင်တယ်၊ Sakura ပန်းတွေကြားမှာ ဓာတ်ပုံရိုက်ချင်တယ်၊ Sushi စားချင်တယ်၊ ပြီးတော့ Ramen ရော၊ နောက်ပြီး Takoyaki အင်း...ဘာရှိသေးလဲ"

"ငါပြန်မလာဘူး"

"ဟမ်"

"Korea ကိုပြန်မလာတော့ဘူး"

"Hyung မိဘတွေကအဲ့မှာနေတာမို့လို့လား"

"အင်း"

"Hyung တစ်ခါမှ Hyung မိသားစုအကြောင်းမပြောဖူးဘူးနော် အခုတစ်ခါထဲ ကျွန်တော့်ကိုပါခေါ်သွားပြီး မိတ်ဆက်ပေးလေ၊ ပြီးရင် အဲ့မှာပဲ လက်ထပ်ကြမယ်လေ၊ uni လည်းအဲ့မှာပဲ ဆက်တက်မယ်"

"မရဘူး"

"ဟင် ဘာ ဘာလို့လဲ Hyung ကျွန်တော့်ကို လက်မထပ်ချင်ဘူးလား"

"မဖြစ်နိုင်ဘူး မင်းကအရမ်းငယ်သေးတယ် နောက်ပြီး ငါလည်းအလုပ်အကိုင် အတည်တကျမရှိသေးဘူး လက်ထပ်တာကိုလွယ်တဲ့အရာထင်နေလား?"

"အတူတူကြိုးစားကြမယ်လေ နောက်ပြီး ကျွန်တော်မငယ်တော့ပါဘူးနော်"

"သာမန်နဲ့မတူဘူး ငါတို့ ၂ယောက်လုံးက
ယောကျ်ားလေးတွေလေ၊ နောက်ပြီး ငါ ဒီလို ယောကျ်ားလေးတစ်ယောက်နဲ့တွဲနေတာ ငါ့အိမ်ကသိရင်..."

"တော်တော့! ရပြီ ဒီလောက်ဆို Hyung ဘာပြောချင်လဲကျွန်တော်သဘောပေါက်ပြီ"

"Yongbok ah ငါ..."

"ဘာလို့ ချစ်တယ်လို့ပြောခဲ့တာလဲ ဘာလို့အမြဲကာကွယ်ပေးခဲ့တာလဲ ဘာလို့ကျွန်တော်နဲ့လာပတ်သက်တာလဲ ကျွန်တော်ကသနားစရာကောင်းတဲ့ပုံပေါက်နေလို့လား?"

"အဲ့လိုမဟုတ်ဘူး ငါလည်းမင်းကိုတကယ်ချစ်..."

"သိပါပြီ Hyung ဖြစ်စေချင်တဲ့အတိုင်း လမ်းခွဲပေးပါ့မယ် အရာအားလုံးအတွက်ကျေးဇူးပါ ပျော်ရွှင်နိုင်ပါစေ Changbin hyung"

𝐼𝑛 𝑃𝑎𝑟𝑖𝑠_Where stories live. Discover now