Part 4♡︎

493 68 13
                                    


destiny......

ပြတင်းပေါက်ကနေတိုး၀င်လာတဲ့နေရောင်ခြည်နွေးနွေးကြောင့် Felix တစ်ယောက်နိုးလာခဲ့တယ်။ နာရီကိုလှမ်းကြည့်လိုက်တော့ ခုနစ်နာရီ။

'ဝါးးး ခုနစ်နာရီတောင်ထိုးနေပြီပဲ'

ဒါနဲ့ဟိုလူရော ပြန်သွားပြီလားမသိ။
မနက်စာပြင်ရန်အတွက် အိပ်ရာထဲကနေထလိုက်တယ်။ အိမ်ရှေ့ကိုထွက်လိုက်တော့ ထိုလူကဆိုဖာပေါ်မှာအိပ်ပျော်နေဆဲပင်။

'ဟွန့် အိပ်ပုပ်ကလည်းကြီးလိုက်တာ ဘယ်လိုလူလဲ'

အောက်ကျနေသည့်စောင်ကိုပြန်ဆွဲတင်ပေးရင်းမနက်စာပြင်ရန်နောက်ဖေးသို့၀င်လာလိုက်သည်။ အခုသူ ၂ယောက်စာပြင်ရတော့မှာပေါ့။
ဒီနေ့တော့အခါတိုင်းနေ့လိုမဟုတ်ပဲ ပေါင်မုန့်ကိုမီးကင်လိုက်တယ်၊ စက်ထဲကထွက်လာတဲ့ပေါင်မုန့်ကိုယူပြီး အိမ်မှာရှိနေတဲ့ nutella ဗူးကိုထုတ်ပြီး သုတ်လိုက်တယ်။ ကော်ဖီကိုတော့အရင်အတိုင်း black coffee ပဲဖျော်လိုက်သည်။ ဒီလောက်ဆိုရင်တော့ ဟိုလူစားနိုင်လောက်မယ်ထင်ပါတယ်။ နေပါဦးအခုသူဒီလိုတွေလုပ်ပေးနေတာဟိုလူ့အတွက်ပေါ့၊ အခုမှတွေ့ဖူးတဲ့လူတစ်ယောက်ကို အဲ့လောက်ဂရုစိုက်စရာလိုလို့လား၊ အဲ့လူကအိမ်မှာပထမဆုံးအိပ်ဖူးသည့်လူဖြစ်လို့နေမှာပါ။ ကိုယ့်အိမ်မှာလာအိပ်တဲ့ဧည့်သည်အပေါ်တာ၀န်ကျေရမှာပေါ့လေ။

မနက်စာပြင်ပြီးသည်အထိနိုးမလာသေးတဲ့လူကြောင့်သွားနှိုးရန်ပြင်လိုက်သည်။

'ဟူး ဘယ်နှယ့် သူများအိမ်မှာ အိပ်လဲအိပ်နိုင်လွန်းတယ်'

'Hyunjin ssi ထတော့'

ထမလာပဲဟိုဘက်လှည့်၍ပြန်အိပ်ပျော်သွားသည့်လူကြောင့် သူတော်တော်စိတ်မရှည်ဖြစ်လာသည်။

'ထတော့လို့!!'

'ဟမ် ဟမ်'

'ဘာကို ဟမ် လဲထတော့မနက်စာစားမယ် ဘယ်လိုဖြစ်လို့ ဒီလောက်တောင်အိပ်နိုင်ရတာလဲ တကယ်ပါပဲ'

ဘာမှပြန်မပြောလာပဲရယ်ပဲရယ်ပြလာသည့်ထိုလူ့ကိုတစ်ချက်ပြန်ကြည့်၍ နောက်ဖေးသို့ပြန်၀င်လာလိုက်သည်။ထိုလူ အိပ်နိုးနိုးချင်းပုံစံကဘာလို့အဲ့လောက်တောင်ကြည့်ကောင်းနေရတာလဲ။

𝐼𝑛 𝑃𝑎𝑟𝑖𝑠_Where stories live. Discover now