Eiffel Tower က ပြန်တဲ့လမ်းတစ်လျှောက် မှိန်ပျပျမီးရောင်အဝါတွေဟာ သူတို့ နှစ်ယောက်စတင်တွေ့ဆုံခဲ့သည့် နေ့ကိုသတိရစေသည်။
စတွေ့တဲ့နေ့ကလိုပဲ တူညီတဲ့အချိန်၊ တူညီတဲ့နေရာမှာ အရင်ကနဲ့ မတူတာကတော့ သူတို့ နှစ်ယောက်ကြားကဆက်ဆံရေး။
'Hyunjin ssi ဒီနားကိုမှတ်မိသေးလား အဲ့နေ့ညက Hyunjin ssi ဒီနားမှာထိုင်နေတာလေ'
'မှတ်မိတာပေါ့ Lix သာကိုယ့်ကိုမတွေ့ခဲ့ရင် အဲ့ညကဘယ်လိုတွေဆက်ဖြစ်မလဲတောင်မသိဘူး'
'Hyunjin ssi English လိုလည်းမတတ်၊ France လိုလည်းမတတ်ပဲ ဒီကိုဘယ်လိုလာတာလဲ?'
'ကိုယ်ကအလည်လာတာပဲလေ တတ်စရာမှမလိုတာ'
'ဒါပေမဲ့ မတတ်တော့ ဒုက္ခရောက်တယ်မလား? ကျွန်တော်နဲ့သာမတွေ့ရင်ဘယ်လိုလုပ်မလဲ?'
'အဲ့ဒါကြောင့် ဘုရားသခင်က ကိုယ့်အတွက် Lix ကိုဖန်ဆင်းပေးလိုက်တာနေမှာပေါ့'
'သွားစမ်းပါ! ဘယ်နှစ်ယောက်လောက်ကိုအဲ့လိုတွေပြောပြီးပြီလဲ?'
'ဘယ်သူကိုမှမပြောဖူးဘူး Lix ကပထမဆုံးပဲ'
'အိမ်ရှေ့တောင်ရောက်နေပြီ၊ ဘယ်အထိလိုက်မလို့လဲ ပြန်တော့လေ'
'မပြန်ပါဘူး Lix နဲ့ပဲနေမှာ မနက်ဖြန်ကျရင် Hotel မှာ အင်္ကျီတွေပြန်ယူမယ် ပြီးရင် Lix နဲ့ပဲလာနေမယ်'
'အလကားမခေါ်ထားနိုင်ဘူး အိမ်လခပေးရမယ်'
'အိမ်လခကို popo နဲ့ဆပ်မယ်လေ'
'Hyunjin ssi!'
'သိပါပြီ မပြောတော့ဘူး အပေါ်တက်ကြမယ် လာ'
Felix's POV
အိမ်ပေါ်ရောက်တာနဲ့ သူ့ camera နဲ့ လွယ်အိတ်ကိုချပြီး နောက်ဖေး၀င်သွားတဲ့လူကြောင့်ရပ်ပြီးသာကြည့်နေမိတော့သည်။ အခုကျွန်တော့်အိမ်လား၊ သူ့အိမ်လားဆိုတာတောင်မသဲကွဲတော့။ အခုမှရည်းစားဖြစ်တာတောင် ဒီလောက်အတင့်ရဲနေတာ၊ ကြာလာရင်တော့မတွေးရဲ။ Lee Felix တော့ တကယ့်လူကိုမှရည်းစားတော်မိတာပဲ။
'Lix ကိုယ်ရေချိုးလိုက်အုံးမယ်'
'ဟမ် အင်း ချိုးလေ အေးတယ်မြန်မြန်ချိုးနော်'