တစ်ကိုယ်လုံးမိုးရေတွေစိုရွှဲလာတာကြောင့် ရေမိုးချိုး၊ အ၀တ်အစားလဲ၍ ခေါင်းသုတ်ပြီးထွက်လာစဥ် ကြားလိုက်ရတဲ့ ကောင်လေးဆီကထွက်ပေါ်လာတဲ့ မကြည်မလင်အသံကြောင့် ချက်ချင်းခေါင်းကျိန်းမိသွားသည်။ ဒါသူ့ကိုမကျေနပ်လို့ပြောချင်နေတဲ့ လေသံပဲ၊ ကောင်လေးနဲ့ပတ်သက်ရင် သူ့မှတ်ဉာဏ်က ဘယ်လောက်တောင်ကောင်းလဲဆို ဘယ်လေသံထွက်ရင် ဘာဖြစ်ချင်လဲဆိုတာတောင်သိတဲ့အထိပင်။
'အားးး တကယ်ပါပဲ!!'
'ဘာဖြစ်တာလဲ'
'Hwang ကြောင့်လေ Hwang မကောင်းလို့!'
'ဟင် ကိုယ်ဘာလုပ်မိလို့လဲ'
'ခုနမှ၀ယ်လာတဲ့ကျွန်တော့်အင်္ကျီလေး မိုးရေတွေစိုကုန်ပြီ'
'အော် ဘာများဖြစ်တာလဲလို့ Lix ရယ် ကိုယ်ပြန်လျှော်ပေးပါ့မယ်'
'မကောင်းတဲ့လူ'
'ဟာ...စောစောတုန်းက Lix ပဲချစ်တယ်ဆိုပြီးအခုကျမကောင်းတဲ့လူဖြစ်သွားပြီလား?'
'ဖိနပ်တွေလည်းစိုကုန်ပြီ'
'ကိုယ်တောင်းပန်ပါတယ် ဟုတ်ပြီလား
အခုတော့ ညဥ့်နက်နေပြီ အိပ်ကြရအောင်နော်''တစ်ယောက်ထဲသွားအိပ်'
'အပြင်မှာမိုးတွေရွာနေတယ်လေ ကြောက်တယ် ချမ်းလည်းချမ်းတယ်'
'ကြောက်ရအောင် ကလေးလား?'
'ကလေးဟုတ်လား မဟုတ်လားဆိုတာကို Lix သိမှာပေါ့'
'ဟာ Hwang နော်'
'ဘာမှမသိဘူးကွာ Lix ကိုဖက်မအိပ်ရရင်အိပ်မပျော်ဘူး'
အနားသို့ကပ်လာကာအတင်းရင်ခွင်ထဲတိုး၀င်လာတဲ့ လူကိုနူးညံ့စွာပြန်၍ဖက်ထားလိုက်သည်။ သူ့ခန္ဓာကိုယ်ကိုမှအားမနာ အတင်းကလေးလေးလိုလုပ်နေတာ။ Hwang ကအမြဲတမ်းရင်ခုန်ချင်စရာကောင်းပြီး ဆွဲဆောင်မှုရှိပေမဲ့ တစ်ခါတလေကျတော့လည်း အခုလိုမျိုး လူကိုကပ်၍ချွဲတတ်သေးသည်။ ကျွန်တော်သိပ်သဘောကျရတဲ့ Hwang ရဲ့ ဆံနွယ်ရှည်ရှည်တွေကိုမြတ်နိုးစွာ နမ်းရှိုက်မိတော့ ရင်ခွင်ထဲက Hwang ကအံ့သြနေတဲ့မျက်၀န်းတွေနဲ့ပြန်၍ကြည့်လေသည်။ထိုမျက်၀န်းအောက်က အစက်ကလေးဟာ ရူးသွပ်မိတဲ့Hwangရဲ့အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပြီး သဘာ၀အတိုင်းအနီရောင်သန်းနေတဲ့နှုတ်ခမ်းထူထူတစ်စုံကတော့ ကျွန်တော်
အယစ်မူးရဆုံး Hwangရဲ့ပိုင်ဆိုင်မှုလေးပဲ ။ ထိုနှုတ်ခမ်းတွေကပေးတဲ့ အနမ်းပြင်းပြင်းရှရှတွေအောက်မှာ ရုန်းမထွက်နိုင်အောင် အကြိမ်ကြိမ်ကျရှုံးခဲ့ရပြီ။ Hwang ခင်ဗျားကတော့ ကျွန်တော့်နှလုံးသားကို ပိတ်လှောင်လိုက်ပြီပဲ။