Uni
"မမေးတော့ပါဘူး ဝမ်းနည်းလို့"
ငါတို့ငယ်ငယ်ကစက်ဘီးအတူစီးခဲ့ဖူးတယ်
အခုရောအတူတူစီးချင်သေးရဲ့လား
မမေးတော့ပါဘူး ဝမ်းနည်းလို့ငါတို့ငယ်ငယ်ကအရမ်းခင်ခဲ့ကြတယ်
အခုရောအရင်လိုခင်သေးရဲ့လား
မမေးတော့ပါဘူး ဝမ်းနည်းလို့သူငယ်ချင်းအသစ်တွေရနေလို့
ငယ်ငယ်ကလည်ပင်းဖတ်ပေါင်းခဲ့တဲ့
ငယ်သူငယ်ချင်းကိုမေ့နေပြီလား
မမေးတော့ပါဘူး ဝမ်းနည်းလို့အချိန်တွေကြာလာလေ
မဆုံဖြစ်တော့တဲ့အခြေအနေတွေမှာ
အနေဝေးလို့ သွေးအေးပြီး
အဟောင်းကိုမေ့ အသစ်ကိုပိုခင်တွယ်နေပြီလား
မမေးတော့ပါဘူး ဝမ်းနည်းလို့သူငယ်ချင်းရေ နင်ဘက်ကဘယ်လိုဘဲပြောင်းလဲပြောင်းလဲ
ငါကတော့အရင်လိုခင်တွယ်နေအုံးမှာပါMoe Htet(Rain💙)
Zawgyi
YOU ARE READING
ကောင်းကင်ပြာနှင့်အဖြူရောင်တိမ်တိုက်လေးများ
Fantasyစိတ်ကူးထဲကစာတိုလေးများ💙 စိတ္ကူးထဲကစာတိုေလးမ်ား💙 Both Unicode and Zawgyi Start date....2021 August 3 Neverending 😁