စိတ်ကူးစာတို ၃၅

2 0 0
                                    

For Unicode

ဒီနှစ်လည်း‌မောင်မြတ်နိုးပါတယ်ဆိုတဲ့
ခရမ်းရောင်စိန်ပန်းရှိရာ
ထိုနေရာလေးကို
ကျွန်မရောက်နေခဲ့ပြန်တယ်။
အပင်ရဲ့ဘေးမှာတော့
ခရမ်းရောင်ပွင့်ဖက်ကြွေတွေခစားနေကြတဲ့
အုတ်ဂူတစ်ခု

ကျွန်မရောက်ပြီနော်မောင်.....

မောင်ကြားစေဖို့ ဒီစကားလေးကိုခပ်တိုးတိုးရေရွတ်လိုက်မိတယ်။ ပြီးတော့ မပီပြင်တဲ့အပြုံးလေးတစ်ခုနဲ့ပေါ့။ မောင်မြတ်နိုးပါတယ်ဆိုတဲ့ ခရမ်းရောင်စိန်ပန်းတွေ
ပွင့်လာတဲ့အခါတိုင်းမောင့်ကိုလွမ်းမိတယ်။

မောင်ကပြောခဲ့တယ်လေ...
တို့တွေဟာခဏတာခွဲခွာကြခြင်းပါတဲ့။
ခဏတာကနေတစ်ဘ၀စာ သေကွဲ ကွဲရမယ်လို့ဘယ်သူထင်ခဲ့မလဲမောင်ရယ်။

တို့နှစ်ယောက်ခွဲခွာချိန်ဟာ
ခရမ်းရောင်စိန်ပန်းတွေပွင့်တဲ့အချိန်ဖြစ်လို့...
တို့နှစ်ယောက်ရဲ့အချစ်သင်္ကေတဖြစ်တဲ့
ခရမ်းရောင်စိန်ပန်းတွေပြန်ပွင့်တဲ့အခါ
မောင်အရောက်လာခဲ့မယ်တဲ့။
မောင်ကျွန်မကိုအဲ့ဒီလိုပြောခဲ့တာမလား။
ဒါဆိုရင်ပြန်လာတော့လေမောင်ရယ်။
စိန်ပန်းတွေပွင့်နေပြီမဟုတ်လား။
ကျွန်မလည်းလွမ်းလှပြီ။

ပြီးတော့သူတို့ပြောနေကြတယ်
မောင်ပြန်မလာနိုင်တော့ဘူးတဲ့
သူတို့ညာနေတာမဟုတ်လားမောင် မောင်ပြန်လာမှာမလား။
ခုထိမယုံနိုင်သေးဘူးမောင်ရယ်။
မောင်ကျွန်မနားကထွက်သွားခဲ့တဲ့နေ့ကသာ
နောက်ဆုံးဖြစ်ခဲ့မယ်ဆိုရင်
ကျွန်မထွက်သွားခွင့်ပေးခဲ့မိမှာမဟုတ်ဘူး။
ထွက်သွားတဲ့မောင့်ကျောပြင်လေးက
ခုထိကျွန်မမျက်စိထဲစွဲနေတုန်းဘဲမောင်ရယ်
နှုတ်ခမ်းပေါ်ကအပြုံးလေးနဲ့မလိုက်ဖက်စွာပဲ
ပါးပေါ်မျက်ရည်တစ်စက်က ပေါက်ခနဲကျလာမိတယ်။
ကျွန်မဟန်မဆောင်နိုင်ခဲ့ဘူးပဲ။‌

မောင်ကတော့ကျွန်မကိုမြင်ရင်ရယ်နေတော့မှာဘဲ
ဘယ်တော့မှမောင့်အရှေ့မှာမျက်ရည်မကျဖူးတဲ့ ဒီအမျိုးသမီးက
ခုတော့မောင့်ရှေ့မှာငို‌နေမိပြီ။
ဒီနှစ်လည်း အဖြူရောင်အုတ်ဂူလေးရှေ့မှာရပ်ရင်း ပြန်မလာနိုင်တော့တဲ့မောင့်ကို
ကျွန်မဆီပြန်လာခဲ့ပါတော့လို့
ကျွန်မခေါ်နေခဲ့မိပြန်ပါပြီ။
Moe Htet (Rain)
#photofrompinterest

မောင်ကတော့ကျွန်မကိုမြင်ရင်ရယ်နေတော့မှာဘဲဘယ်တော့မှမောင့်အရှေ့မှာမျက်ရည်မကျဖူးတဲ့ ဒီအမျိုးသမီးကခုတော့မောင့်ရှေ့မှာငို‌နေမိပြီ။ဒီနှစ်လည်း အဖြူရောင်အုတ်ဂူလေးရှေ့မှာရပ်ရင်း ပြန်မလာနိုင်တော့တဲ့မောင့်ကို ကျွန်မဆီပြန်လာခဲ့ပါတော့လို့ကျွန်မခေါ်နေခဲ့မိပြန်ပါ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


For Zawgyi

For Zawgyi

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
You've reached the end of published parts.

⏰ Last updated: May 05 ⏰

Add this story to your Library to get notified about new parts!

ကောင်းကင်ပြာနှင့်အဖြူရောင်တိမ်တိုက်လေးများWhere stories live. Discover now