"စိတ်ကူးစာတို ၂၆"

2 2 0
                                    

For Uni

လုပ်ငန်းခွင်မှာ လုပ်ငန်းခွင်မှာလူမျိုးစုံတယ်
တစ်ယောက်နဲ့တစ်ယောက်သဘောထားမတိုက်ဆိုင်တဲ့အခါ
မကျေနပ်တာတွေရှိတဲ့အခါ ပြောချင်ရင်တောင်
အချိန်အခါနဲ့ပြောသင့်မပြောသင့်ကိုကြည့်တက်ရတယ်
ကိုယ့်ကို လူမုန်းများမယ့်အလုပ်မျိုး
လူမုန်းများမယ့်စကားမျိုး
အတက်နိုင်ဆုံးမပြောမိမလုပ်မိအောင် ဆင်ခြင်ရတယ်
စိတ်ထဲရှိနေတဲ့အတိုင်း ပြောလိုက်လို့မ‌ရဘူး
ကိုယ့်လက်မှာတောင်လက်ချောင်းတွေက
အတိုအရှည်ညီတာမှမဟုတ်တာ
အဲ့တော့ စကားတစ်ခုကိုပြောသင့်မပြောသင့်
သေချာစဉ်းစား ပြောသင့်ရင်လည်း
စကားလုံးလှလှနဲ့ကြားကောင်းအောင်ပြောရတယ်
ပြောတော့မယ်ဆိုရင်တစ်ခုတော့သတိရပါ
ကျောင်းမှာသင်ခဲ့ရတဲ့တစ်ချို့စာတွေက
တကယ့်လက်တွေ့ဘ၀မှာအများကြီးအကျိုးပြုပါတယ်
"တစ်ယောက် စကား၊
တစ်ယောက်နား မှာ၊
မခါးရအောင်၊
သတိဆောင်၍၊
မောင်တို့ဆိုလေ၊
ပျားသကာသို့ ချိုလှစေ။"
တစ်ခုခုပြောတော့မယ်ဆိုရင်
ငယ်ငယ်ကသင်ခဲ့ရတဲ့စာလေးကိုတော့ သတိရကြပါစေလေ။

Moe Htet (Rain)
(ဖုန်းက unicode ကနေ Zawgyi ပြောင်းတာပြောင်းမရဘူးဖြစ်နေလို့😞😞)

For Zawgyi

For Zawgyi

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ကောင်းကင်ပြာနှင့်အဖြူရောင်တိမ်တိုက်လေးများWhere stories live. Discover now