စိတ်ကူးစာတို ၁၈

12 3 2
                                    

For Uni

လင်္ကာဒီပချစ်သူ ဒဿဂီရိ

တောင်ပိုင်းက ဒြာဝိဒိယန်မျိုးနွယ်
မြောက်ပိုင်းက အာရိယန်မျိုးနွယ်
တောင်ပိုင်းက ဘုရင်ဒဿဂီရိ
ဒြာဝိဒိယန်မျိုးနွယ်ရဲ့နှလုံးသည်းပွတ်
မြေက်ပိုင်းက သီတာဒေဝီမင်းသမီး
အာရိယန်မျိုးနွယ်စုရဲ့ဘုရင့်သမီးတော်
သီတာမချစ်တဲ့ဒဿ ဒဿချစ်တဲ့သီတာ
လေးတင်ပွဲမှာ ဒဿဟာ သီတာဒေဝီဘက်လှည့်ကြည့်တော့
မလိုမုန်းထားကြောက်ရွံ့နေတဲ့သီတာဒေဝီရဲ့မျက်နှာ
ရာမဟာလေးတော်ကိုမတင်ခင်
သီတာဒေဝီနဲ့အကြည့်ချင်းဆုံတဲ့အချိန်
ဒဿဂီရိရဲ့ရင်တွင်းပူလောင်သွားမှုကို
ဘယ်သူကိုယ်ချင်းစာတွေးကြည့်ဖူးသလဲ
လူတွေပြောကြတာက ဒဿဂီရိဟာ
ရာဇ၀င်ထဲကလူဆိုးကြီးတစ်ယောက်တဲ့လား
သူဟာလူဆိုးတစ်ယောက်မဟုတ်‌ခဲ့ဘူး
အချစ်ဇာတ်လမ်းတစ်ခုမှာ ရင်အနာခဲ့ရဆုံး
သူတစ်ယောက်ပါ ချစ်ရသူရဲ့နှုတ်ကထွက်လာတဲ့
စကားလုံးကြမ်းတွေကို ရင်ဘက်ကြီးနဲ့ခံစားခဲ့ရတဲ့
သူတစ်ယောက်ပါ ချစ်ရသူဟာ မိမိကိုနှစ်သက်ချစ်ခင်မှု
မရှိမှန်းသိရက်နဲ့ သီတာဒေဝီကိုအနားခေါ်ထားချင်တဲ့
အချစ်အတ္တတစ်ခုကြေင့် ရွှေလှောင်အိမ်ထဲဖမ်းထားခဲ့မိခြင်းရဲ့
အကျိုးဆက်က ချစ်ရသူဆီကနေရပြီးသား
အမုန်းတွေကိုထပ်ဆင့်ပိုရခဲ့တာကလွဲလို့
တစ်ခြားဘာမှမပြောင်းလဲသွားခဲ့ဘူး
ဇာတ်လမ်းတစ်ခုလုံးရဲ့အဆုံးသက်မှာ
လင်္ကာဒီပရဲ့ အချစ်ကြီးသူ ဘုရင်ဒဿဂီရိဟာ
အသွားအပြန်မညီတဲ့ချစ်ခြင်းတရားနဲ့ဘဲ
အေးချမ်းတဲ့ဓမ္မိကတောင်ခြေ‌ရင်း ‌
စမ်းချောင်းထဲမှာပျော်မြူးနေကြတဲ့ ရွှေငါးတွေနံဘေး
သီတာဒေဝီနှစ်သက်တဲ့ သစ်ခွပန်းတွေအောက်၀ယ်
နိဂုံးချုပ်ခဲ့ရပါလား သိပ်သနားဖို့ကောင်းတယ်
လင်္ကာဒီပပြည့်ရှင် ဒဿဂီရိရာ၀ဏရာယ်
နောက်ဘ၀များမှာပေါ့ အခုလိုအဖြစ်ဆိုးနဲ့မကြုံစေချင်ဘူးကွယ်
‌ကိုယ့်ကိုမချစ်တဲ့သူတစ်ယောက်အတွက်နဲ့
တိုင်းပြည်ပါပျက်စီး မျိုးနွယ်ပါပျက်စီးခဲ့ရပါလား
ဒဿဂီရိရာ၀ဏအတွက် တရားမျှတမှုမရှိခဲ့ပါလားကွယ်။

MoeHtet (Rain)

For Zawgyi

လကၤာဒီပခ်စ္သူ ဒႆဂီရိ

ေတာင္ပိုင္းက ျဒာဝိဒိယန္မ်ိဳးႏြယ္
ေျမာက္ပိုင္းက အာရိယန္မ်ိဳးႏြယ္
ေတာင္ပိုင္းက ဘုရင္ဒႆဂီရိ
ျဒာဝိဒိယန္မ်ိဳးႏြယ္ရဲ႕ႏွလုံးသည္းပြတ္
ေျမက္ပိုင္းက သီတာေဒဝီမင္းသမီး
အာရိယန္မ်ိဳးႏြယ္စုရဲ႕ဘုရင့္သမီးေတာ္
သီတာမခ်စ္တဲ့ဒႆ ဒႆခ်စ္တဲ့သီတာ
ေလးတင္ပြဲမွာ ဒႆဟာ သီတာေဒဝီဘက္လွည့္ၾကည့္ေတာ့
မလိုမုန္းထားေၾကာက္႐ြံ႕ေနတဲ့သီတာေဒဝီရဲ႕မ်က္ႏွာ
ရာမဟာေလးေတာ္ကိုမတင္ခင္
သီတာေဒဝီနဲ႔အၾကည့္ခ်င္းဆုံတဲ့အခ်ိန္
ဒႆဂီရိရဲ႕ရင္တြင္းပူေလာင္သြားမႈကို
ဘယ္သူကိုယ္ခ်င္းစာေတြးၾကည့္ဖူးသလဲ
လူေတြေျပာၾကတာက ဒႆဂီရိဟာ
ရာဇ၀င္ထဲကလူဆိုးႀကီးတစ္ေယာက္တဲ့လား
သူဟာလူဆိုးတစ္ေယာက္မဟုတ္‌ခဲ့ဘူး
အခ်စ္ဇာတ္လမ္းတစ္ခုမွာ ရင္အနာခဲ့ရဆုံး
သူတစ္ေယာက္ပါ ခ်စ္ရသူရဲ႕ႏႈတ္ကထြက္လာတဲ့
စကားလုံးၾကမ္းေတြကို ရင္ဘက္ႀကီးနဲ႔ခံစားခဲ့ရတဲ့
သူတစ္ေယာက္ပါ ခ်စ္ရသူဟာ မိမိကိုႏွစ္သက္ခ်စ္ခင္မႈ
မရွိမွန္းသိရက္နဲ႔ သီတာေဒဝီကိုအနားေခၚထားခ်င္တဲ့
အခ်စ္အတၱတစ္ခုေၾကင့္ ေ႐ႊေလွာင္အိမ္ထဲဖမ္းထားခဲ့မိျခင္းရဲ႕
အက်ိဳးဆက္က ခ်စ္ရသူဆီကေနရၿပီးသား
အမုန္းေတြကိုထပ္ဆင့္ပိုရခဲ့တာကလြဲလို႔
တစ္ျခားဘာမွမေျပာင္းလဲသြားခဲ့ဘူး
ဇာတ္လမ္းတစ္ခုလုံးရဲ႕အဆုံးသက္မွာ
လကၤာဒီပရဲ႕ အခ်စ္ႀကီးသူ ဘုရင္ဒႆဂီရိဟာ
အသြားအျပန္မညီတဲ့ခ်စ္ျခင္းတရားနဲ႔ဘဲ
ေအးခ်မ္းတဲ့ဓမၼိကေတာင္ေျခ‌ရင္း ‌
စမ္းေခ်ာင္းထဲမွာေပ်ာ္ျမဴးေနၾကတဲ့ ေ႐ႊငါးေတြနံေဘး
သီတာေဒဝီႏွစ္သက္တဲ့ သစ္ခြပန္းေတြေအာက္၀ယ္
နိဂုံးခ်ဳပ္ခဲ့ရပါလား သိပ္သနားဖို႔ေကာင္းတယ္
လကၤာဒီပျပည့္ရွင္ ဒႆဂီရိရာ၀ဏရာယ္
ေနာက္ဘ၀မ်ားမွာေပါ့ အခုလိုအျဖစ္ဆိုးနဲ႔မႀကဳံေစခ်င္ဘူးကြယ္
‌ကိုယ့္ကိုမခ်စ္တဲ့သူတစ္ေယာက္အတြက္နဲ႔
တိုင္းျပည္ပါပ်က္စီး မ်ိဳးႏြယ္ပါပ်က္စီးခဲ့ရပါလား
ဒႆဂီရိရာ၀ဏအတြက္ တရားမွ်တမႈမရွိခဲ့ပါလားကြယ္။

MoeHtet (Rain)

ကောင်းကင်ပြာနှင့်အဖြူရောင်တိမ်တိုက်လေးများWhere stories live. Discover now