စိတ်ကူးစာတို ၂၂

7 3 0
                                    

For Uni

စာတိုလို့ title မှာရေးထားပေမယ့်ဒီတစ်ခါလက်လွန် ကြက်သွန်ဖြစ်သွားတယ်😅😅

(သက်ဆိုင်သူဦးဝေ fic ရေးသူကိုလေးစားစွာဖြင့် crdပေးပါသည်
Vi Vian ၏အကြံပေးချက်တစ်ချို့ကိုလည်းပြန်လည်ဖြည့်သွင်းရေးသားထားပါသည်)

လူတစ်ယောက် ဖုန်းတစ်လုံးနဲ့အကျိုးမရှိတဲ့အရာတွေအတွက် အချိန်ကုန်နေရင်အဲ့လူရဲ့ဘ၀က ရှင်လျက်နဲ့သေတာဘဲ
သူ့မှာစဉ်းစားတွေးခေါ်နိုင်စွမ်းတစ်ခုမှမရှိတော့ဘူး
ဘာလို့ဆိုသူ့ရဲ့စိတ်အလုံးစုံကိုဖုန်းကလွှမ်းမိုးထားတဲ့အခါဖြစ်တက်တာကသူဖုန်းမကိုင်ရတဲ့အချိန်မှာစသိသာတယ်ဆိုလိုတာက ကျောင်းသားကျောင်းသူဆိုရင် ပညာရေးပိုင်းလုပ်ငန်းခွင်၀င်နေတဲ့သူတွေဆိုရင် လုပ်ငန်းပိုင်းပေါ့ ဘာတွေဖြစ်တက်လဲဆိုရင်
သူဖုန်းမကိုင်ရတဲ့အခါ သူ့စိတ်တွေစပြီးဂနာမငြိမ်စဖြစ်တယ်
ဘာလို့စိတ်ဂနာမငြိမ်ဖြစ်တာလဲ ရှင်းတယ် သူဟာ ဖုန်းကိုင်နေရချိန်မှာ သူ့စိတ်အာရုံကိုအဲ့ဖုန်းထဲမှာဘဲအာရုံထားတယ် သူလုပ်တက်တာကဖုန်းပေါ်ဘဲအာရုံထားတက်တာတစ်ခုဘဲဒါပေမယ့် သူလုပ်ရမယ့် လုပ်ငန်းဆောင်တာပေါ်အာရုံမထားနိုင်တော့တဲ့အခါ စိတ်ဂနာမငြိမ်တာတွေဖြစ်လာတော့တာဘဲ နောက်ပြီးကိစ္စတစ်ခုခုကိုဆောင်ရွက်တဲ့အခါ စဉ်းစားခြင်းမရှိတော့ဘဲ အလိုလိုစိတ်တွေရှုပ်ထွေးလာမယ်
လုပ်ဆောင်သမျှကိစ္စတိုင်းကိုမစဉ်းစားနိုင်တော့တဲ့အတွက် ရမ်းသမ်းလုပ်ဆောင်လာမယ် အဲ့လိုရမ်းသမ်းလုပ်လို့ မှန်ချင်တဲ့အခါမှန်သွားသလို မှားချင်လည်းမှားသွားတက်တယ်
လုပ်ဆောင်တဲ့ကိစ္စမှန်ခဲ့ရင် ပျော်ရွှင်စိတ်တစ်ခုတော့ဖြစ်ပေမယ့် မှားသွားတဲ့အခါ ဆက်မလုပ်ချင်တော့ဘူး သူ့စိတ်ထဲမှာ မိမိကိုယ်ကိုယုံကြည့်ချက်ဆိုတာပျောက်ဆုံးသွားမယ် တစ်ချို့လူတွေက သူ့ကိုဝေဖန်ပြောဆိုလာတဲ့အခါမှာ ကြာ‌လာရင် စိတ်ဓာတ်ကျမှုတွေပါဖြစ်လာနိုင်တယ် တစ်ခါတစ်‌လေကျတော့ မှားနေမှန်းသိလျက်နဲ့ ငါဟာမှန်တယ်သူကဘာလို့ငါ့ကိုမှားတယ်လို့ပြောတာလဲဆိုတဲ့အတွေးက၀င်သွားကြပြန်ရော တစ်ချို့ကျတော့စိတ်မငြိမ်တာကိုဘေးလူကသာသိတာ သူတို့ကိုယ်တိုင်တောင်မသိကြဘူး Rain wpမှာဖတ်ဖူးတဲ့ ficတွေထဲက "သက်ဆိုင်သူ ဦးဝေ"ဆိုတဲ့ficကိုရေးတဲ့ author ကအဲ့ထဲမှာရေးထားတာတစ်ခုရှိတယ် ဦးဝေလင်းရှိန်က ဇေသူရိန်ကို အပစ်ပေးတဲ့အချိန် ၁ကနေ၁၀၀ထိရေးခိုင်းတယ် ဒါပေမယ့် ဇေသူရိန်‌ ကကြောက်စိတ်ရှိနေတော့ စိတ်မငြိမ်ဘူး အဲ့တော့မှားတယ် ပြန်ရေးရတယ် အဲ့လိုထပ်ခါထပ်ခါမှားပြီးနောက်ဆုံးအားလုံးကိုမှန်အောင်သူရေးနိုင်ခဲ့တယ် ပြောချင်တာက စိတ်မတည်ငြိမ်တဲ့သူဟာ အသေးအမွှားကစလို့ မှားတက်တယ် အဲ့ဒီ့စိတ်မတည်ငြိမ်မှုကိုဖြစ်စေတဲ့အကြောင်းအရင်းက မိုဘိုင်းဖုန်းကြောင့် အကျိုးရှိတာလုပ်တဲ့သူဆို အကျိုးဖြစ်ထွန်းပေမယ့်လို့ အကျိုးမရှိတာနဲ့အချိန်နေကုန်တဲ့လူအတွက်‌ကျတော့ ဆိုးကျိုးတွေအများကြီးခံစားရတက်တယ်
ဒါကြောင့်ပြောချင်တာက မိုဘိုင်းဖုန်းဆိုတာ လူသားတွေအတွက် သုံးတက်ရင်တော့ ကိုယ့်အတွက်မိတ်ဆွေကောင်းဖြစ်ပေမယ့် မသုံးတက်ရင်တော့ တစ္ဆေတစ်ကောင်လိုကြောက်ဖို့ကောင်းလွန်းတယ်
ဒီနေရာမှာ Internet အကြောင်းထည့်မရေးသွားပေမယ့် သူလည်းသုံးတက်ရင်တော့ရတနာ မသုံးတက်ရင်တော့ အဆိပ်ဖြစ်သွားမှာဘဲဆိုတာသိစေချင်တယ် ‌ဖုန်းကိုကောင်းကောင်းအသုံးချတက်တဲ့သူတွေအတွက်အကောင်းဆုံးက ဖုန်း‌ထက် စာအုပ်လေးတွေကိုပိုပြီးအသုံးပြုစေချင်တယ် ဖုန်းဆိုတဲ့နွံ့ထဲမှာ Rainကိုယ်တိုင်လည်းတစ်ချိန်ကနစ်မြုပ်ခဲ့ဖူးတယ် game နဲ့ social media ပေါ်အကျိုးမရှိအချိန်တွေကုန်ခဲ့တယ် တစ်ဖြည်းဖြည်းသိလာတာက ဒါတွေထက် စာအုပ်ဖတ်တာနဲ့ ကိုယ်ဝါသနာပါတာလေးတွေလုပ်နေတာကမှပိုအကျိုးရှိတယ်ဆိုတာကိုသိလာခဲ့တယ် ခင်ဗျားတို့သိလား စာအုပ်တစ်အုပ်က ဈေးနှုန်းဘယ်လောက်ဘဲဖြစ်နေပါစေ တန်ဖိုးအရမ်းကြီးမားလွန်းပြီး ရတနာတွေစီချယ်ထားတဲ့တံခါးတစ်ချပ်နဲ့တူတယ် စာအုပ်လေးတစ်အုပ်ထဲကနေ နေရာပေါင်းစုံ စိတ်နဲ့လျှောက်သွားလို့ရတယ် အခုတော့‌ခေတ်ရေစီးကြောင်းအရ စာအုပ်ဖတ်တဲ့လူတွေဟာလျော့နည်းသွားပြီး ဖုန်းဆိုတဲ့နွံထဲပိတ်လှောင်နေကြရပြီ
ဒီစာလေးကိုအချိန်‌ပေးဖတ်‌ဖြစ်ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းအရာ‌အားလုံးမှာ ကောင်းကျိုးဆိုတာရှိသလို ဆိုကျိုးဟာလည်းအမြဲဒွန်တွဲနေတာကိုသတိပြုမိမယ်လို့တော့မျှော်လင့်မိပါတယ်အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ် စာဖတ်သူအတွက် ဒီစာလေးကနေဗဟုသုတတစ်ခုခုရလိမ့်မယ်လို့လည်းထင်ပါတယ်

ကောင်းကင်ပြာနှင့်အဖြူရောင်တိမ်တိုက်လေးများWhere stories live. Discover now