စိတ်ကူးစာတို ၂၀

13 3 2
                                    

For Uni

"အိမ်ငယ်"
အရင်ကအရမ်းမပျော်ရွှင်ခဲ့ရပေမယ့်လည်း
အနည်းငယ်ပျော်ရွှင်ခဲ့ရတဲ့ဒီအိမ်ငယ်
ခုများတော့လည်း စိတ်ညစ်စရာတွေဟာ
မိုးရာသီမှာဖြစ်လေ့ရှိတဲ့
ကောင်းကင်မည်းကြီးလို
ပြည့်နှက်နေပြီကွယ်

မနေ့ကပျော်ရွှင်ခဲ့ရတယ်
ဒီနေ့မှာစိတ်ညစ်ရပြန်တယ်
တ‌စ်နေ၀င်လို့ တစ်နေထွက်
ပျော်ရွှင်မှုရယ်ပြန်ရမလား‌လို့
စောင့်စားလျက်

အံ့ဩမှု နာကျင်မှု ၀မ်းနည်းမှု ဆိုတဲ့
စိတ်ခံစားချက်တွေကို တစ်နေ့ထဲခံစားလိုက်ရတဲ့အခါမှာ

အံ့ဩမှုကြောင့် ပြောစရာမရှိ
စွန့်အနေခဲ့တယ်

နာကျင်မှုကြောင့် နှလုံးအိမ်က
တင်းကျပ်လို့ အပြင်လေမရှူနိုင်တဲ့ထိ
လောကနဲ့ခဏတာ
အဆက်သွယ်ပျက်ခဲ့ရတယ်

၀မ်းနည်းစိတ်နဲ့မျက်ရည်မိုးရွာသွန်းချင်ပေမယ့်လည်း
မျက်ရည်လွယ်တဲ့သူမဟာပျော့ညံ့တဲ့လူလို့
ပတ်၀န်းကျင်ကပြောမှာစိုးတဲ့စိတ်

အဲ့စိတ်ကလေးနဲ့လူအများရှေ့
မျက်ရည်မိုးမရွာသွန်းခဲ့
သို့ပေမယ့် ဒီလူသားဟာလည်း
လူထဲကလူမို့
ခေါင်းအုံးထက်တွင်သာ မျက်ရည်မိုးများနဲ့
တစ်ယောက်တည်း ရင်ဖွင့်ငိုကြွေးပေအုံးမည်

မျက်ရည်မိုးများစဲပါစေလေ
MoeHtet (Rain)

For Zawgyi

"အိမ္ငယ္"
အရင္ကအရမ္းမေပ်ာ္႐ႊင္ခဲ့ရေပမယ့္လည္း
အနည္းငယ္ေပ်ာ္႐ႊင္ခဲ့ရတဲ့ဒီအိမ္ငယ္
ခုမ်ားေတာ့လည္း စိတ္ညစ္စရာေတြဟာ
မိုးရာသီမွာျဖစ္ေလ့ရွိတဲ့
ေကာင္းကင္မည္းႀကီးလို
ျပည့္ႏွက္ေနၿပီကြယ္

မေန႔ကေပ်ာ္႐ႊင္ခဲ့ရတယ္
ဒီေန႔မွာစိတ္ညစ္ရျပန္တယ္
တ‌စ္ေန၀င္လို႔ တစ္ေနထြက္
ေပ်ာ္႐ႊင္မႈရယ္ျပန္ရမလား‌လို႔
ေစာင့္စားလ်က္

အံ့ဩမႈ နာက်င္မႈ ၀မ္းနည္းမႈ ဆိုတဲ့
စိတ္ခံစားခ်က္ေတြကို တစ္ေန႔ထဲခံစားလိုက္ရတဲ့အခါမွာ

အံ့ဩမႈေၾကာင့္ ေျပာစရာမရွိ
စြန႔္အေနခဲ့တယ္

နာက်င္မႈေၾကာင့္ ႏွလုံးအိမ္က
တင္းက်ပ္လို႔ အျပင္ေလမရႉႏိုင္တဲ့ထိ
ေလာကနဲ႔ခဏတာ
အဆက္သြယ္ပ်က္ခဲ့ရတယ္

၀မ္းနည္းစိတ္နဲ႔မ်က္ရည္မိုး႐ြာသြန္းခ်င္ေပမယ့္လည္း
မ်က္ရည္လြယ္တဲ့သူမဟာေပ်ာ့ညံ့တဲ့လူလို႔
ပတ္၀န္းက်င္ကေျပာမွာစိုးတဲ့စိတ္

အဲ့စိတ္ကေလးနဲ႔လူအမ်ားေရွ႕
မ်က္ရည္မိုးမ႐ြာသြန္းခဲ့
သို႔ေပမယ့္ ဒီလူသားဟာလည္း
လူထဲကလူမို႔
ေခါင္းအုံးထက္တြင္သာ မ်က္ရည္မိုးမ်ားနဲ႔
တစ္ေယာက္တည္း ရင္ဖြင့္ငိုေႂကြးေပအုံးမည္

မ်က္ရည္မိုးမ်ားစဲပါေစေလ
MoeHtet (Rain)

ကောင်းကင်ပြာနှင့်အဖြူရောင်တိမ်တိုက်လေးများWhere stories live. Discover now