47

686 88 0
                                    

Uni
====
အပိုင်း (၄၇)      တစ်ကျောင်းလုံးရဲ့ရန်သူ

    "ဘုရားရေ ဒီသတင်းက တကယ်ဘဲလား ဂျန်းရရူက ဒီအရှက်မရှိတဲ့ကောင်လုပ်တာ ခံလိုက်ရတယ်ဆိုတာ" ကျောင်းသားတစ်ယောက်က ကောင်းကင်ကို ကြည့်ပြီးသက်ပြင်းချလိုက်ပါတယ် သူ့ပါးပြင်ထက်မှာ မျက်ရည်တွေ စီးကျနေပြီးတော့ စိတ်ထိခိုက်ပြီး ငိုယိုနေပါတယ်

    "ဒီကောင်ရှပင်က လူ့စရိုက်မရှိတဲ့ တိရစ္ဆာန်ကောင်ဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အထက်တန်းကျောင်းသူကို ကိုယ်ဝန်ရအောင် လုပ်ရဲတယ်ဆိုတော့ ဒီကောင်လူမှဟုတ်ရဲ့လား အားလုံးဘဲပြောကြစမ်း ဒီကောင်လူလား"

    အရပ်မြင့်မြင့်ကျောင်းသားတစ်ယောက်က ပူဆွေးသောကရောက်ပြီးတော့  စင်ပေါ်ပြေးတက်ပြီး ရှပင်ကို အပီပြင်ရိုက်သတ်ချင်စိတ်ပေါက်နေပါတယ် တကယ်တော့ သူ့လိုအတွေးမျိုးကို တခြားကျောင်းသားတွေလည်း တွေးနေကြပါတယ်

    "သာဘာဝတရားကြီးက တရားမျှတမှုမရှိတော့ဘူး ဒီလိုတွေရဖို့အတွက် ဒီကောင်ရှပင်က အရင်ဘဝက ဘာကောင်းမှုတွေများလုပ်ခဲ့လို့လဲ"

   "ဒီအုပ်ထဲက တစ်ယောက်ယောက်ကို ရွေးထုတ်ပြီး ဒီရှပင်နဲ့ အချီ၁၀၀ သွားတိုက်ခိုင်းဖို့လုပ်ကြစမ်း"

    "မိသားစုအသိုင်းဝိုင်းရော ရုပ်ရည်မှာရော ဒီကောင်က ငါ့တို့ထက်ကိုဘာတွေများ သာနေလို့လဲ"
ကျောင်းသားအုပ်ကြီးက မခံမရပ်နိုင်ဖြစ်နေကြပါတယ်

   "ထောင်ရန်နဲ့ ဂေါင်ရှန်းတို့လို ကျောင်းထိပ်တန်းပညာရှင်တွေ ထိုးတာတောင် ဒီရှပင် ဘာလို့ဘာမှမဖြစ်လည်းဆိုတာ ငါနားလည်ပြီ ဒီကောင့်ကိုယ်က သံမဏျိပနျးကနျပွားတဈခကြျလို မာကျောပြီးတော့ ဘယ်လိုဘဲထိုးထိုး ဘာမှမဖြစ်တဲ့အကြောင်းကို ငါသိသွားပြီ" မျက်မှန်နဲ့ ကျောင်းသားတစ်ယောက်က သူ့ကိုယ်သူ ကောင်းကင်ဘုံကိုတောင် ကြောက်လန့်သွားစေမယ့် ပြဿနာတစ်ခုကို ဖြေရှင်းလိုက်တဲ့ ပုံစံနဲ့ ထပြောလိုက်တယ်

     ကျောင်းသားအချို့ကလည်း သူ့ဘက်လှည့်ပြီး "ဒါတွေအားလုံးက ဘာတွေလည်း မင်းမြန်မြန်ပြောစမ်း"
   
    "မင်းတို့တွေ ခနတုန်းက ရှပင်ပြောတာ နားမထောင်လိုက်ဘူးလား"

God Level Demon(1-200)Where stories live. Discover now