124

536 54 0
                                    

Uni
=====
အပိုင်း (၁၂၄)      အရမ်းလူပါးဝလွန်းတယ်

     ရာသီဥတုက ဖြည်းဖြည်းချင်း မှောင်လာပါတယ်

   ပြိုင်ပွဲကျင်းပတဲ့မြို့ထဲမှာတော့ ပြိုင်ပွဲဝင်အမြောက်အများက စျေးဝယ်ကုန်တိုက်တွေဆီကို သတိဝိရိယနဲ့ သွားနေကြပါတယ် သူတို့ရဲ့အဝတ်အစားတွေစုတ်ပြဲနေပြီး သွေးကွက်နေစွန်းနေတာကိုကြည့်ရင် အခက်ခဲဒုက္ခအများကြီး ကြုံခဲ့ရတာကိုသိနိုင်ပါတယ်

    လမ်းမတွေထက်မှာ ခွန်အားကြီးတဲ့သားရဲတွေက လှည့်ပတ်နေပြီး ဒီသားရဲတွေနဲ့တိုးတာနဲ့ သူတို့တွေဝိုင်းတိုက်ခံကြရပါတယ်

    မြို့တစ်ခုလုံးမှာ အန္တရာယ်တွေက နေရာတိုင်းပုန်းလျှိုနေပါတယ်

    "သေစမ်း ဟိုသားရဲကအရမ်းကြောက်ဖို့ကောင်းတာဘဲ"

     "ကြောက်ဖို့ကောင်းမှာပေါ့ အဲ့တာက ချိုတစ်ချောင်းမိုးကြိုးကျားသစ်လေ သိုင်းပညာရှင်အဆင့်ခွန်အားရှိတယ် ဘယ်သူကသူ့ကိုအနိုင်ယူနိုင်မှာလဲ"

     "ပြိုင်ပွဲစီစဥ်သူတွေက တကယ့်ကိုမူမှန်ဘူးဘဲသင်္ကတကိုမထင်မှတ်ဘဲ ချိုတစ်ချောင်းမိုးကြိုးကျားသစ်ရဲ့ဖင်အောက်မှာ ထည့်ထားတယ် အဲ့လိုဆိုမှတော့ ဒီချိုတစ်ချောင်းမိုးကြိုးကျားသစ်ကို ဘယ်သူကသွားပြီးပြသနာရှာရဲတော့မှာလဲ ဒါသက်သက်သေကြောင်းကြံတာဘဲ"

    ကျောင်းသားအများပြားက မျက်နှာတွေသုန်မှုန်နေကြပါတယ် အစကတော့သူတို့တွေက သင်္ကတတွေကို မြန်မြန်ရှာပြီးယူဖို့ကြိုးစားကြတာပါ ဒါပေမယ့် သင်္ကေတကို စောင့်ရှောက်နေတဲ့သားရဲတွေက တကယ်ကိုကြောက်ဖို့ကောင်းပြီးတော့ သိုင်းပညာရှင်တွေရဲ့ခွန်အားရှိပါတယ်

    သူတို့ရဲ့ခမ်းနားကြီးကျယ်တဲ့ လူအယောက်တစ်ရာလောက်ရှိတဲ့အုပ်ကြီးက ချိုတစ်ချောင်းမိုးကြိုးကျားသစ်လက်ချက်နဲ့ ဒဏ်ရာရပြီးတော့ နေရာအနှံ့ကိုထွက်ပြေးလိုက်ရပါတယ် အဲ့ဒီ့ထဲမှာ ကံမကောင်းတဲ့လူဆယ်ယောက်က ကျားသစ်လက်ချက်နဲ့ သေမလိုတောင်ဖြစ်သွားပါတယ်

   ကံကောင်းထောက်မစွာနဲ့ ပွဲကြီးကြပ်သူတွေက ဝင်ကူပေလို့သာ သူတို့တွေအသက်ချမ်းသာယာရခဲ့ပါတယ် ဒါပေမယ့်လည်း ဒီဆာ်ယောက်ကပြိုင်ပွဲကထွက်ခဲ့ရပါတယ်

God Level Demon(1-200)Where stories live. Discover now