108

562 69 2
                                    

အမလေး ongoingမှီလို့ပျော်နေတာ ကျော်ကြီးတင်တဲ့အကိုက paid gpကိုfreeချပေးလိုက်တော့ အပိုင်း40လောက်ထပ်တင်ပေးရတော့မယ်...ဗြဲ...Hail the kingကလဲအပိုင်း150လောက်တင်ပေးရဦးမယ် မိုမိုငိုနေပြီနော်🤧

Uni
=====
အပိုင်း(၁၀၈)   ရုပ်ရှင်ဇတ်လမ်းတွဲရိုက်ကူးခြင်း

   ညနေပိုင်း အာကာသယဥ်က ထိရန်ရှူရီမြို့ကိုပြန်ရောက်ချိန်မှာ ကျောင်းသားတွေအားလုံးက ကျောင်းဆင်းသွားကြပြီး တစ်ကျောင်းလုံးမှာ အစာင့်တွေလောက်ဘဲ ရှိပါတယ်

   ရှပင်ကအာကာသယာဥ်ပေါ်ကဆင်းပြီးတာနဲ့ အိမ်ပြန်ဖို့လုပ်လိုက်တယ် ကျန်တဲ့ဒဏ်ရာရကျောင်းသားတွေက သူ့ကိစ္စမဟုတ်ဘဲ ဆရာတွေစီစဥ်ပေးကြမှာပါ
 
   "ဟမ်"
    သူလမ်းတစ်ဝက်ကို ရောက်တဲ့အခါမှာ သူ့ဆဲလ်ဖုန်းကနေ တုန်လှုပ်ပြီး သတင်းပို့ချက်အသံတွေကြားလိုက်ရတယ်

    သားရိုင်းကျွန်းကို သွားတဲ့ခရီးမှာ ကျောင်းသားအားလုံးက သူ့တို့ဖုန်းတွေကို ပိတ်ပြီးအာကာသယာဥ်ပေါ်မှာထားခဲ့ရပါတယ် ဒါကြောင့်မို့ အဲ့ဒီအချိန်တွေမှာ ဘယ်သူတွေဆက်သွယ်ထားလဲဆိုတာကို သူမသိရပါဘူး

    "အယ်ဒီတာမန်ဖေးဘဲ"
    ရှပင်က သူ့ရဲ့ဆဲလ်ဖုန်းကိုဖွင့်ပြီးကြည့်လိုက်တာနဲ့ ဖုန်းအခါတစ်ဒါဇင်လောက်ခေါ်ထားပြီး ဗီဒီယိုနဲ့ဆက်သွယ်မှု ၁၅ခါ ၁၆ခါလောက်ခေါ်ထားတဲ့ မန်ဖေးရဲ့နံပါတ်ကိုတွေ့လိုက်တယ် လွန်ခဲ့တဲ့မိနစ်သုံးဆယ်ကတောင် သူ့ကိုခေါ်ထားသေးပါတယ်

   "ငါ့ကိုဒီလောက်စိတ်ပူပြီး ဖုန်းတွေခေါ်ထားတာဘာကိစ္စရှိလို့လဲ" သူက ဗီဒီုယိုနဲ့ဖုန်းခေါ်မှုကို ချိတ်လိုက်တယ်

   "ဒင်"
    ရုတ်တရက် ဗီယိုနဲ့ဖုန်းခေါ်မှုအောင်မြင်စွာချိတ်ဆက်သွားပြီး အယ်ဒီတာမန်ဖေးရဲ့ပုံက မြင်ကွင်းမှာပေါ်လာခဲ့တယ် ရှပင်ကိုတွေ့တာနဲ့ မန်ဖေးကပျော်ရွှင်ပြီး "နောက်ဆုံးတော့ဆက်သွယ်လို့ရခဲ့ပြီ တကယ်ကောင်းတယ် ဆရာကောက်ကျစ်တဲ့မြေခွေးရေ ဒီရက်အနည်းငယ်အတွင်းမှာ ဘယ်တွေရောက်နေလို့ ခင်ဗျားကိုဆက်သွယ်လို့မရတာလဲ"

    "ငါကျောင်းစပ်သပ်မှုမှာ ပါဝင်ဆင်နွှဲနေလို့ပါ"ရှပင်က ရှင်းပြလိုက်တယ် "အဲ့တာကြောင့် ဒီရက်ပိုင်းအတွင်း အဆက်သွယ်မရတာဘဲ  ဒါနဲ့ခင်ဗျားကျွန်တော့်ကို ဖုန်းတွေဒီလောက်ခေါ်ထားတာ ဘာအရေးကြီးကိစ္စရှိလို့လဲ"

God Level Demon(1-200)Donde viven las historias. Descúbrelo ahora