195

506 53 0
                                    

Uni
=======
အပိုင်း(၁၉၅)   သွေးလက်ဝါးအဖွဲ့အစည်း

     "ဒီလူငယ်ကတကယ်တမ်းမှာ ဘယ်သူလဲ"
    
     ဒီအခြေနေကိုတွေ့တာနဲ့ လူအုပ်ကြားထဲကတချို့ကသိချင်စိတ်နဲ့မေးလိုက်တယ် "ဒီဟီဂျန်က ဘာလို့ဒီလောက်ထိငြိမ်ခံနေရတာလဲ လူရှေ့သူရှေ့မှာအရိုက်ခံရပြီးအရှက်ကွဲတာတောင် ပြန်မပုန်ကန်ရဲဘူး"

     ဘာဘဲဖြစ်ဖြစ်ဟီဂျန်က သိုင်အညာရှင်အဆင့်၂ပါ  ဒီလိုလူမျိုးကဘယ်အဖွဲ့အစည်းမှာမဆို လက်ရွေးစဥ်နေရာမှာရှိပြီး လူလေးစားခံရကာ နှစ်စဥ်ဝင်ငွေဒေါ်လာဆယ်သန်းရှိပါတယ်

     ဒါပေမယ့်အခုတော့ခွေးတစ်ကောင်လိုဆက်ဆံခံနေရတာကြောင့် အံ့အားသင့်စရာကောင်းလှပါတယ်

     "ဘယ်သူကမကြောက်ဘဲ ပုန်ကန်ရဲမှာလဲ" အနီးနားကလူတစ်ချို့က ချက်ချင်းအသံတိုးတိုးနဲ့ပြောလိုက်တယ် "ဒီလူငယ်က သာမန်လူမဟုတ်ဘူး သူကလနက်မြို့သွေးလက်ဝါးအဖွဲ့အစည်းခေါင်းဆောင်ရဲ့သား လူလိုင်ဘဲ လနကျမွို့မှာသွဇာအာဏာရျှိတဲ့ပုဂ်ဂိုလျတဈယောကျဘဲ"
      
    " ဒါ့အပြင်အသက်၂၆နှစ်နဲ့တင် သိုင်းပညာရှင်ကောင်းကင်ဘုံအလွှာအဆင့်၂ရောက်ထားတဲ့ သိုင်းတာအိုပါရမီရှင်တစ်ယောက်ဘဲ ပွီးတော့ရကျစကျပွီးမညှာတာတဲ့အကငြျ့ရျှိတယျ မကျေနပ်ချက်အနည်းငယ်အတွက်လက်စားချေတတ်ပြီး သူ့ရဲ့ရက်စက်မှုကလနက်မြို့မှာကျော်ကြားတယ်"

     "သူ့ကို ပြသနာလုပ်ရဲတဲ့သူမှန်သမျှနောက်နေ့နေထွက်တာကို မမြင်ရတော့ဘူးတဲ့"

     "သွေးလက်ဝါး အဖွဲ့အစည်းလား?"
     ဒီစကားတွေကြားတာနဲ့ ပတ်ဝန်းကျင်ကလူတွေက တုန်လှုပ်သွားကြတယ် လနက်မြို့မှာအချိန်အချို့လောက်နေဖူးရင် သွေးလက်ဝါးအဖွဲ့အစည်းနာမည်ကို မသိတဲ့သူမရှိပါဘူး

    ဒီအဖွဲ့အစည်းကလနက်မြို့ရဲ့ ထိပ်တန်းမြေအောက်အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်ပြီး  အဖွဲ့အစည်းခေါင်းဆောင်ဖြစ်တဲ့ လူဂန်းကသိုင်းပညာရှင် အဆင့်၉ ဖြစ်ပါတယ်

    သဘာဝအားဖြစ်တော့လနက်မြို့မှာ သိုင်းဆရာအဆင့်နဲ့ အထက်သိုင်းသမားတွေတော့ မရှိလုနီးပါးပါဘဲ ထိုကဲ့သို့အဆင့်သိုင်းသမားတွေက ဒီနေရာမှာလူမိုက်ဗိုလ်လုပ်စရာမလိုဘဲ ကြိုက်တဲ့သိုင်းတာအိုအဖွဲ့အစည်းကိုဝင်ပြီး အရမ်းမြင့်တဲ့ရာထူးရနိုင်ပါတယ်

God Level Demon(1-200)Where stories live. Discover now