153

522 55 0
                                    

Uni
=====
အပိုင်း(၁၅၃) လေးနက်တဲ့အမှန်တရားဗုဒ္ဓမီးအိမ်တစ်ထောင်သိုင်းကွက်

    "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
     ဂျန်းရရူကသူ့မျက်စိကိုတောင် သူမယုံနိုင်ပါဘူး သူမရဲ့ခွန်အားကိုသူမက အလွန်ယုံကြည်မှုရှိပြီး အစစစ်မှန်သိုင်းပညာသင်အဆင့်ကိုးနဲ့တွေ့ရင်တောင်မှ ရင်ဆိုင်နိုင်မယ်လို့ယုံကြည့်ချက်ရှိပါတယ်

     ပထမ၁၆ယောက်အဆင့်ပြိုင်ပွဲမှာတုန်းက သူမရဲ့လက်ဝါးသုံးချက်နဲ့တင် ပြိုင်ဘက်ကိုအနိုင်ယူနိုင်ခဲ့ပါတယ်
  
    ဒါပေမယ့် သူမရဲ့ဒီအထွတ်အထိပ်တိုက်ချက်က ဒီကောင့်ကိုဘာတစ်ခုမှမဖြစ်သွားစေဘဲ ခြေလှမ်းအနည်းငယ်တောင်နောက်ဆုတ်သွားအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး

    သားရိုင်းကျွန်းမှာတုန်းက ဒီကောင့်ရဲ့နတ်ဘုရားကာကွယ်ခြင်းနည်းစနစ်ကိုသူမကြုံတွေ့ခဲ့ရပြီး ကျားသစ်အုပ်စုခေါင်းဆောင်လင်ဘောင်ရဲ့အသက်နဲ့ရင်းတဲ့ရိုက်ချက်က သူ့ကိုဒဏ်ရာတစ်ခုမှရအောင်မလုပ်နိုင်ခဲ့တာကိုတွေ့ခဲ့ရပါတယ်

    ဒါပေမယ့်လည်း သူမကိုယ်တိုင်မကြုံရသေးခင်အထိ မသေခင်အချိန်လေးမှာ လင်ဘောင်ကဘယ်လောက်ထိစိတ်အားငယ်သွားမလဲဆိုတာ သူမမတွေးနိုင်ပါဘူး ဒီနတ်ဘုရားကာကွယ်ခြင်းကျင့်စင်က အရမ်းကိုမူမမှန်လွန်းပြီး သိုင်းလောကအသိတရားနဲ့မကိုက်ညီပါဘူး

    "ဘာဖြစ်တာလဲ အရှုံးမပေးသေးဘူးလား  ငါဒီမှာရပ်ပြီးနင်ရိုက်တာခံရင်တောင် ခြေလှမ်းတစ်ဝက်တောင် မရွေ့သွားဘူးမဟုတ်လား" ရှပင်က ဂျန်းရရူကိုတည်ငြိမ်စွာနဲ့ကြည့်ပြီး ပြုံးလိုက်ပါတယ်

    ဒီမိန်းမက တကယ့်ပါရမီရှင်ဖြစ်တာကို သူလက်ခံပြီး ထက်တဂထာဗုဒ္ဓလက်ဝါးတစ်ထောင်သိုင်းကိုလေ့ကျင့်ထားတာကိုကြည့်ရင် သူမကခွန်အားကြီးတယ်ဆိုတာကိုမြင်နိုင်ပါတယ် ရှေ့ကသိုင်းပညာသင်အဆင့်ကိုးပြိုင်ပွဲဝင်က သူမကိုရှုံးသွားတာ မတရားတာတော့မဟုတ်ပါဘူး

    ဒါပေမယ့် သူ့ရဲ့ဒါခ့်နော့ခန္ဓာကိုယ်ကာကွယ်ခြင်းကျင့်စင်ရဲ့ အကာအကွယ်ကိုချိူးဖောက်ချင်ရင်တော့ အများကြီးလိုနေပါသေးတယ် အနည်းဆုံးသိုင်းပညာရှင်အဆင့်ကိုရောက်နိုင်မှသာ သူမအတွက်ကြိုးစားကြည့်ဖို့အခွင့်အရေးရှိနိုင်မှာပါ

God Level Demon(1-200)Where stories live. Discover now