69

586 77 0
                                    

Uni
====
အပိုင်း(၆၉)            ခွင့်မလွှတ်နိုင်ဘူး

      လူဝကြီးရဲ့မျက်လုံးတွေက မယုံကြည်နိုင်စွာနဲ့ ပြူးကျယ်နေပြီး ဒီလိုအသတ်ခံလိုက်ရမယ်လို့ မထင်မှတ်ထားဘဲ သူ့လက်တွေက ရှပင်ကို တိုက်ခိုက်ဖို့အတွက် ရွယ်ထားတုန်းပါဘဲ

     ချက်ချင်း သူ့ရဲ့ကီလိုတစ်ရာ့ငါးဆယ်လောက်ရှိတဲ့ ခန္ဓာကိုယ်ကြီးက ကြမ်းပြင်ပေါ်ကိုလဲကျသွားပြီး ကွန်ကရစ်ကြမ်းခင်းပေါ်မှာ သွေးတွေအိုင်သွားပါတယ်

    ကံကောင်းစွာနဲ့ဘဲ ဂိုထောင်ဝင်းထဲမှာ တစ်ခြားအိမ်တွေမရှိပါဘူး အဲလိုမှမဟုတ်ရင် ဒီပြုတ်ကျတဲ့အသံကြောင့် အိမ်နီးချင်းတွေပါ သိသွားနိုင်ပါတယ်

   " မြန်မြန်ထွက်ပြေးရမယ်"
   သူ့ဘော်ဒါကို အထက်တန်းကျောင်းသားက အလွယ်လေးရိုက်သတ်လိုက်တာကိုတွေ့ပြီး ဂတုံး ခွန်ရွှေးက ကြောက်လန့်ပြီးသေးပေါက်ချလုမတတ်ဖြစ်သွားပါတယ် သူ့ကျောတွေချမ်းပြီးတော့ တစ်ကိုယ်လုံးလည်း တုန်ရီနေပါတယ်

     သူ့ရဲ့မြေအောက်လောကအတွေ့အကြုံကြောင့် အသက်အန္တရာယ်ကြုံရပြီးဆိုတာ သူ့အာရုံတွေကနေ အလိုလိုသိနေပါတယ် အဲ့တာကြောင့် အရမ်းလျင်မြန်တဲ့အရှိန်နဲ့ ပြိုင်ကားတစ်စီးလို အခန်းပြင်ကို သူပြေးထွက်လိုက်ပါတယ်

    "ဆက်ပြေးချင်သေးတာလား" ရှပင်မျက်လုံးတွေက အေးစက်သွားပြီး အသင့်ယူလာတဲ့ကျောင်စရစ်ခဲကို ဘောင်းဘီအိပ်ထဲက နှိုက်လိုက်တယ်

    " ဝှစ် ဝှစ် ဝှစ်"
    လျှပ်တစ်ပြတ်အတွင်းမှာ ကျောက်ခဲနှစ်လုံးသုံးလုံးက လျှပ်စီးလိုလေကိုဖြတ်ပြီး ဂတုံးရဲ့ ခြေထောက်နှစ်ချောင်းကို ဖောက်ဝင်ကာ သွေးပေါက်ကြီးနှစ်ပေါက်ဖြစ်သွားပါတယ်

    "အား" ဂတုံးခွန်ရွှေးက သနားစရာအသံနဲ့ငယ်သံပါအောင်အော်လိုက်ပြီး ဟန်ချက်ပျက်ကာ ကြမ်းပြင်ပေါ်ကို မျက်နှာနဲ့ထိုးကျသွားပါတယ်

    ခြေထောက်နှစ်ဖက် ဖေါက်ခံရတဲ့နာကျင်မှုကသူ့တစ်ကိုယ်လုံးကိုပြန့်ပြီး တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေပါတယ် သူ့ဘဝတစ်လျှောက်လုံးဒီလောက်နာကျင်မှုမျိုး မခံစားဖူးပါဘူး

God Level Demon(1-200)Where stories live. Discover now