62

629 72 2
                                    

Uni
====
အပိုင်း (၆၂)      မုန်းတီးခြင်းရမှတ်အမြောက်အများ တိုးလာခြင်း

     နောက်နေ့မှာ ရှပင်က အကြောဆန့်ပြီး အိပ်ယာက ထလိုက်ပါတယ်

     အဲ့ချိန်မှာ ရုတ်တရက်စနစ်ရဲ့ အေးစက်တဲ့ အသံက သူ့ခေါင်းထဲဝင်လာတယ် "ဂုဏ်ယူပါတယ် စနစ်ပိုင်ရှင်ရေ အခုချိန်ထိ မုန်းတီးခြင်းရမှတ် စုစုပေါင်း ၇၄၃၆ မှတ်ကို ရရှိခဲ့ပါပြီ"

    "ဘယ်လို" ရှပင်က ကြောင်သွားတယ် "ဘယျလျိုဖွဈတာလဲ ငါမှတ်မိသလောက်ဆို မနေ့ကအထိ ရမှတ်ပေါင်း ၃၀၀၀-၄၀၀၀လောက်ဘဲ ရှိသေးတာမလား အိပ်နေတာတောင် ဘယ်လိုလုပ် ရမှတ်၂၀၀၀-၃၀၀၀လောက် ထပ်တိုးလာရတာလဲ"

   "မနေ့ညတုန်းက ပိုင်ရှင်ကို လူအများပြားက အင်တာနက်မှာ ဆဲဆိုကြပြီး မုန်းတီးခြင်းရမှတ်တွေတိုးလာတာဘဲ" စနစ်က ခန့်မှန်းလိုက်ပြီး "နင်မနေ့က မိန်းခလေးတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ကိစ္စကြောင့်ဖြစ်နိုင်တယ်"

    "မိန်းခလေးကို ပြန်ပေးဆွဲတယ်ပေါ့လေ " ရှပင်က ပါးစပ်တွန့်သွားတယ် သူရည်ရွယ်ကောင်းကောင်းနဲ့ ချူရွန်းကိုလူတွေအရှေ့မှာ အရှက်မကွဲရအောင် ခေါ်သွားပေးတာလေ အဲ့တာနဲ့ ဘယ်လိုလုပ်သူက လူယုတ်မှာဖြစ်သွားရတာလဲ တကယ့်ကိုမတရားတဲ့ကိစ္စပါဘဲ

     "အိုကေလေ ဘာဘဲဖြစ်ဖြစ် ရမှတ် ၃၀၀၀-၄၀၀၀ လောက်ရသွားတယ်ဆိုတော့ တကယ့်အကျိုးအမြတ်ကြီးဘဲ ဒါလည်းမကောင်းတဲ့ကိစ္စမဟုတ်ပါဘူး" ရှပင်က မေးစေ့ကိုပွတ်ပြီးတော့ တွေးလိုက်တယ်

    ပြီးတော့ တဈပတျတိတျိ ကြိုးစားအားထုတ်ပြီးကျင့်ကြံမှုကြောင့် လနက်မြို့ကနေ ဝယ်ခဲ့တဲ့ သူ့ရဲ့ရွှေဆေးရည်တွေလည်း အကုန်ကုန်သွားပါပြီ အဲ့တာကြောင့်မို့ ဒီလိုမြန်မြန်နဲ့ အဆင့်တက်ချင်သေးရင် သသဘာဝအရင်းအမြစ်အမြောက်အများကို သူလိုပါတယ်

    ဒါပေမယ့် လက်ရှိသူ့ရဲ့ကျင့်ကြံခြင်းတိုးတက်မှုအခြေနေကို သူတော်တော်လေးကျေနပ်ပါတယ် တစ်ပတ်ဆိုတဲ့ အချိန်လေးအတွင်းမှာ သိုင်းပညာသင်အဆင့်ခြောက်ကနေ အဆင့်ခုနှစ်ကို တက်တယ်ဆိုတာ ထိရန်ရှုရီမြို့က ကျောင်းသားအားလုံးထဲမှာတောင် အကောင်းဆုံးလို့ပြောလို့ရပါတယ်

God Level Demon(1-200)Wo Geschichten leben. Entdecke jetzt