Part 1

3.4K 115 4
                                    

Unicode-

"Yarr kim jisoo shi!! မပီးသေးဘူးလား

lisaတို့အထက်တန်းပထမနှစ်တွင်ကျောင်းပြောင်းရသည် ကျောင်းပထမနေ့မို့ နောက်မကျချင်သောကြောင့် ချိန်အားဖြင့်စောနေသော်လည်း lisaတစ်ယောက် jisooအိမ်ရှေ့သွားကာ အသားကုန်အော်ခေါ်နေသည်။

Lisaငယ်ငယ်ကကျောင်းအရမ်းတက်ချင်နေသောကြောင့် မိဘများကအသက်မပြည့်သေးသော်လည်းကျောင်းထားခဲ့ကြရသူမို့
jisooထက်အသက်တစ်နှစ်ငယ်သော်လည်းအတန်းကအတူတူပင်။
သို့သော်lisaကားဉာဏ်ကောင်းသောကြောင့်
Jisooထက်စာပိုတော်သူဖြစ်သည်။

"Wae!! ဒီလောက်အစောကြီးရှိသေးတာကိုသေအောင်အော်နေရလားမသာရဲ့"

"yarr!ဒီမာ အစောသွားချင်လို့အစောလာခေါ်ပါတယ်ဆိုနေမှ စကားမများနဲ့ သွားမယ်လာ !တကယ်ပါပဲ ဒီအရူးကောင်နဲ့တော့"

"ရော့ ဒါဆိုလဲ နင်စက်ဘီးနင်းလိုက် မြန်မြန်ရောက်အောင်"

Jisooသူတွန်းလာသောစက်ဘီးအား
Lisaလက်ထဲထိုးပေးလိုက်သည်။

"ဘယ်တုန်းကနင်နင်းဖူးလို့လဲ ဆယ်ခါရံမှတခါနင်းပီးတော့အပိုတေပြောနေပြန်ပီ ဖယ်"

Lisaတစ်ယောက် ဆူဆောင့်ဆောင့်ဖြင့်
Jisooလက်ထဲမှစက်ဘီးကိုယူကာနင်းရန်ပြင်လိုက်သည်။

ကျောင်းအသစ်က အိမ်နှင့်သိပ်မဝေးသောကြောင့်busမစီးတော့ဘဲ စက်ဘီးနှင့်သာကျောင်းသွားရန်စီစဥ်ထားကြသည်။

Lisaစက်ဘီးက Jisooအိမ်လာရာလမ်းတွင်ဘီးပေါက်သွားသောကြောင့် နှစ်ယောက်တစ်ဘီးစီးရန်ဆုံးဖြတ်ပီး ဆိုင်တွင်ထားခဲ့ရခြင်း။

"ငါကCခန်းဆိုတော့ဒီဖက်မှာဘဲဟ နင်ကBခန်း ဒီမှာဘဲ ဟူးးတော်သေးလို့အခန်းချင်းမတူပေမယ့်ကပ်လျက်ကျတာ"

"ဟုတ်တယ် တော်ကြာကျောင်းဆင်းရင်ငါအရူးပျောက်လိုက်ရှာနေရအုံးမယ် haha"

"ရားးလာလီဆာရှီ ယဥ်ကျေးမှုရှိစမ်းပါငါနင့်ထက်အကြီးနော်"

" Nae unnie အာ့ဆိုမုန့်သွားစားကြရအောင် ငါဗိုက်ဆာနေပီ"

"ချီးးကို unnie"

"😝

Jisooအားပြောင်ပြကာအရှေ့မှပြေးသွားသောကြောင့် ထို​ခြေတံရှည်လူသားအား
မှီအောင်ပြေးလိုက်ရသေးသည်။

Loss Of Winner Where stories live. Discover now