Part 22

1.2K 63 7
                                    

Unicode -

ပိုင်ဆိုင်ခွင့်မရှိပေမယ့်
တစ်ဖက်သတ်သဝန်တိုရတဲ့ ခံစားချက်မျိုး..

မဖြစ်နှိုင်မှန်းသိပေမယ့် ရှေ့တိုးချစ်နေမိတဲ့ ပူပြင်းပြင်းခံစားချက်မျိုး..

သူမနဲ့ပတ်သက်ရင် နာကျင်စရာတွေတပုံတပင်ကြီး ပိုင်ဆိုင်ရမှာမှန်းသိပေမယ့်

အဲ့ဒီ့နာကျင်မှုလေးကိုမှ
စွဲစွဲလန်းလန်းဖြစ်နေမိတော့လည်း ... 🍃

"ပြန်ရောက်လာပြီလား Lisa
ထီးပါသွားလို့တော်သေးတာပေါ့"

"ဟုတ်တယ် Jiji ထီးကသူယူလာတာလေ အိမ်မှာငါပြန်လာတာလာစောင့်နေတာလား အံမယ်"

"ဝေါ့။ ဆုတောင်းလေ အမေက ဟင်းလာပို့ခိုင်းလို့ရောက်နေတာ..
အဆင်ပြေခဲ့တယ်မလား"

"ပြေတယ် ကြည့် Jennie ငါ့ကို မျက်မှန်လိုက်လုပ်ပေးလိုက်တာ လှတယ်မလား ဟိ.. ငါတို့ရုပ်ရှင်လည်းကြည့်ခဲ့ကြတယ်"

"ဘာ!!!
Jennieဟုတ်လား Lisa!နင်သွားတာ နာယွန်းနဲ့လေ ဘယ်လိုဖြစ်တာလဲ သူရော နာယွန်းရော! "

"အဲ့ဒါက ဟိုလေ ငါတို့နှစ်ယောက်အတူတူသွားတာပဲ ကားမှတ်တိုင်မှာ Jenက ငါ့ကိုစောင့်ပြီး ခနလိုက်ခဲ့ဖို့ အတင်းခေါ်တာနဲ့..

"Lisa!!!

"ငါ့ကိုမအော်ပါနဲ့ Jijiရ ငါလည်းခနပဲဆိုပြီးလိုက်သွားတာပါ"

"အဲ့တော့ သူ့ကိုစောင့်နေခိုင်းခဲ့တာလား အခုချိန်ထိ သူစောင့်နေရင် ဘယ်လိုလုပ်မလဲ ဟမ် Lisa! အခုမိုးတွေရွာနေတယ်လေ"

"အဲ့လောက်ထိ အဖြစ်သည်းမနေပါနဲ့Jijiရာ ဒီလောက်အချိန့်အကြာကြီး ဘယ်သူကစောင့်မှာလဲ တကယ် ပိုကိုပိုလွန်းတယ်"

"Jennieနဲ့ပက်သက်လာရင် အမြဲအဲ့လိုချည်းပဲ။နင်သိပ်အတ္တကြီးတယ်Lisa။သူနင့်အပေါ်ဘယ်လိုဆက်ဆံလည်းသိတာတောင်မှလေ ရူးလိုက်တာ! ဒီလောက် အချိန်အကြာကြီး ဘယ်သူကစောင့်မှာလဲတဲ့.. သူကစောင့်တယ် အင်နာယွန်းဆိုတဲ့လူသားက စောင့်တယ်လို့ သိရဲ့လား!!!"

"တော်တော့Jiji ငါလည်းပင်ပန်းလာပြီ သွားနားတော့မယ် အင်နာယွန်းကို ဖုန်းဆက်ဖြစ်ရင် တောင်းပန်ပါတယ်လို့ပြောပေး ငါသူ့နံပါတ်မရှိလို့ ဖုန်းမဆက်တဲ့အကြောင်းရော"

Vous avez atteint le dernier des chapitres publiés.

⏰ Dernière mise à jour : Aug 10, 2022 ⏰

Ajoutez cette histoire à votre Bibliothèque pour être informé des nouveaux chapitres !

Loss Of Winner Où les histoires vivent. Découvrez maintenant