Part 21

574 51 2
                                    

Unicode-

စွန့်စွန့်စားစား လုပ်ရတာတွေကို
ခုံမင်တယ်...
မင်းကိုတော့
ဘယ်တော့မှ ချစ်တယ်မပြောဘူး။
     
       စဝ်ခွန်ဇ(ခင်ဗျားကို ကျွန်တော်ချစ်တယ်)

"ဘာဖြစ်တာလဲ"

"ဘာဖြစ်လို့လဲ Jennie"

"အစ်မ နင်ရူးသွားတာလား ဘာလို့နင့်လွယ်အိတ်နင် လွှတ်ပစ်လိုက်တာလဲ"

"မဟုတ်ဘူး အိမ်မြှောင်. အိမ်မြှောင်တက်လာလို့ အိတ်ပေါ်ကို"

အဲ့လိုပြောပြီး အိတ်ကိုချက်ချင်းသွားပြန်ကောက်တယ်လေ။Momoသိတာပေါ့ အိမ်မြှောင်တက်တာမဟုတ်ဘူး။ အနောက်တန်းမှာ စကားပြောနေတဲ့Lisaကို အစ်မက မီးတဝင်းဝင်းနဲ့တစ်ချိန်လုံးစိုက်ကြည့်နေခဲ့တာ။ တကယ်ပဲLisaအပေါ်မှာ ခံစားချက်တွေရှိနေတာလား။ထပ်ပြီးတော့ မိန်းကလေးတစ်ယောက်ကိုပဲလားJennieရယ်။

ခုနပဲအတန်းရှေ့လွှတ်ပစ်လိုက်တဲ့အိတ်က ဇစ်မပိတ်ထားဘူးထင်။ အထဲက ပစ္စည်းတွေအကုန် ပြန့်ကျဲနေတာပဲ။ ပစ္စည်းတွေကို တစ်ခုချင်းပြန်လိုက်ကောက်နေတဲ့ Jennieက စိတ်နဲ့ကိုယ်ရော ကပ်နေရဲ့လား။

"နင်ဘာဖြစ်နေတာလဲ နေရောကောင်းရဲ့လား
မှန်း.. "

Lisaမနေနိုင်စွာပဲ Jennieရဲ့အနားကိုသွားပြီး နှဖူးကိုစမ်းကြည့်မိတယ်။
စိတ်ပူလို့ စိတ်ပူလွန်းလို့ပါ။
လူတွေအများကြီးရှိလို့ အဲ့လိုလုပ်တာ
မကြိုက်ဘူးလား?မသိခဲ့လို့ပါကွယ်။စိုးရိမ်တကြီးနဲ့ သူ့ရဲ့နှဖူးပေါ်တင်လိုက်မိတဲ့Lisaရဲ့လက်တွေ ဖယ်ချခံလိုက်ရတယ်။

"ငါ ငါဘာမှမဖြစ်ဘူး ဖယ် ငါ့ဘာသာကောက်လို့ရတယ်"

သူ့ရဲ့လေသံကအရမ်းမမာဘူး။ အရမ်းလည်းမပျော့တဲ့ ခပ်အေးအေးလေသံလေး..
ဒါ​ပေမယ့် သူ့အသံမှာ အလိုမကျမှုတွေ အများကြီးပါဝင်နေတာLisaခံစားမိတယ်။

"ပစ္စည်းတွေ ငါပြန်ကောက်ပေးမှာမလို့ ပြန်ထိုင်နေလိုက်ပါJennie ခေါင်းမမာပါနဲ့"

"ရ..

"သူက ဘာမလို့လဲ Lisa။သူ့ကိုကူညီမလို့ပြောနေတာတောင် မကြိုက်တဲ့ပုံနဲ့ပြန်ပြောနေတာကို ဘာလို့လုပ်ပေးနေအုံးမှာလဲ။သူလုပ်ထားသူ့ဘာသာပြန်ကောက်လိမ့်မယ် ထားလိုက်ပါတော့လား .. သွားရအောင်"

Loss Of Winner Donde viven las historias. Descúbrelo ahora