Part 17

499 48 4
                                    

Unicode -

"မ, နဲ့တူလိုက်တာ"

မျက်နှာချင်ဆိုင်ဝိုင်းကိုလာထိုင်တဲ့ စုံတွဲတစ်တွဲမှ အမျိုးသမီးရဲ့နောက်ကျောကိုကြည့်ရင်းရေရွတ်လိုက်မိတယ်။ကိုရီးယားရိုးရာဝတ်စုံဆင်မြန်းထားတဲ့အဲ့ဒီ့အမျိုးသမီးက မ,နဲ့သိပ်တူတာပဲ။

"မဟုတ်ဘူး အဲ့ဒါ မ,ပဲ!!"

ဟိုတစ်ခေါက်လာတုန်းက ငါကိုယ်တိုင်ရွေးပြီး လက်ဆောင်ပေးထားတဲ့ဆံထိုးလေးကို သူပန်ထားတာ။

"မ"

*ဟင် ကလေး! တကယ်ပဲ ကလေးကိုးး ပိန်သွားလိုက်တာ နေရောကောင်းရဲ့လားကလေးရယ် ဘာလို့ကိုယ့်ကိုကိုယ်ဂရုမစိုက်ရတာလဲ*

"မ! မ,ဟုတ်တယ်မလားဟင် မ,ဘာတွေလုပ်နေတာလဲ ကလေးဘယ်လောက်တောင်လွမ်းနေလဲဆိုတာသိရဲ့လား"

ပုခုံးနှစ်ဖက်ကိုဆွဲကိုင်ပြီးတော့မေးနေတဲ့Tzuyuကို Jihyoအလျှင်အမြန်ပဲတွန်းထုတ်လိုက်ပြီး။

"ဖယ် ဘာလုပ်တာလဲTzuyu မင်းနဲ့ငါကဘာမှမဆိုင်တော့ဘူး ငါ့နာမည်ကJihyoပါ အဲ့လိုပေါက်တက်ရတွေလာခေါ် မနေနဲ့"

"ပေါက်တက်ကရ?"

"ဟုတ်တယ် ပေါက်တက်ကရ
ငါကမကြာခင်လက်ထပ်​တော့မှာလို့ပြော
ထားတယ်လေ ဒါကငါလက်ထပ်ရမယ့်အမျိုးသားပဲ သူ့နာမည်ကMino"

"မဖြစ်နိုင်ဘူး လာမညာနဲ့ မ,လည်းသတိရနေခဲ့တာမလားဟင် မညာပါနဲ့ ဘာဖြစ်နေတာလဲပြော အတူတူဖြေရှင်းကြမယ်လေ နော်😭"

ပြောရင်းဆိုရင်းနဲ့Jihyoကိုတင်းကြပ်စွာဖက်ထားလိုက်တဲ့Tzuyu.

"ဒါကဘာတွေလဲJihyo"

Minoကဝင်ပြောလိုက်မှအသိပြန်ဝင်လာပြီးဖက်ထားတာကိုတွန်းထုတ်လိုက်မိတယ်။အရှိန်နည်းနည်းများသွားတယ်ထင်ပါရဲ့အောက်ကို လဲကျသွားတဲ့သူမ။ မျက်ရည်တွေလည်းကျလို့။မငိုပါနဲ့ကလေးရယ်။

"ဘာမှမဟုတ်ပါဘူးOppaရဲ့ ဒီတိုင်း အပျော်တွဲခဲ့ဖူးတာ "

*အပျော်?*

"ငါ့ကိုထပ်ပြီးမနှောက်ယှက်ပါနဲ့Tzuyu ငါတကယ်လက်ထပ်တော့မှာ အဲ့ဒါကြောင့် ငါနဲ့ထပ်ပြီးမပက်သက်ပါနဲ့ ကုန်ကုန်ပြောမယ် ငါ့မျက်စိရှေ့ကိုထပ်ပြီးပေါ်မလာပါနဲ့!!"

Loss Of Winner Where stories live. Discover now