Unicode -
မချစ်မိဘဲမနေနိုင်ခဲ့ပေမယ့်
ဖွင့်မပြောဘဲနေနိုင်အောင်တော့ သေချာပေါက်ကြိုးစားမှာပါဒီ့ထက်ပိုပြီးနာကျင်ရမှာထက်စာရင်
ဒီတိုင်းလေးပဲငေးကြည့်နေလိုက်တာက
ပိုကောင်းတယ်မဟုတ်လား။☘"Lili"
"awwn... ဂျီဂျီ. ကျောင်းကပြန်လာပြီလား"
"အင်း. ဒီမှာ နင့်အတွက် စာတွေကူးလာပေးတယ် ရော့"
"ကျေးဇူးတင်ပါတယ်"
"မျက်နှာလည်းမကောင်းပါလား အဖျားမပျောက်သေးရင်မနက်ဖြန်ကျောင်းမလိုက်နဲ့လေငါတီချယ်ကို ပြော..."
"မဟုတ်တာ ငါကောင်းနေပြီ နည်းနည်းပါးပါးခေါင်းမူးတာပဲရှိတော့တာပါ မနက်ကျကောင်းသွားလိမ့်မယ် ငါကျောင်းလိုက်မှာ "
"ဘာလဲဘာလဲ နင့်ရဲ့မန်ဒူကြီးကိုလွမ်းနေတာမလား"
"...
"ဟုတ်တယ်မလား နင်..
"မဟုတ်ပါဘူး ဂျီဂျီရာ ငါကျောင်းစာနောက်ကျမှာစိုးလို့ နင်သွားနားတော့လေ ငါလည်းစာတွေကြည့်လိုက်အုံးမယ် "
"ငါ့ကိုနှင်လွှတ်နေတာလား"
Jennieနဲ့စရင် မျက်နှာကြီးဖြီးနေတတ်တဲ့ Liliက အခု ထူးဆန်းနေတာမဟုတ်ဘူးလား?..
"....
"ငါမှာတော့ အပင်ပန်းခံပြီး အိမ်စာတွေကူးလာပေးတဲ့ဟာကို.. "
"မဟုတ်ပါဘူး ဂျီဂျီရ ကျောင်းကရောက်ခါစဆိုတော့ နားရအောင်လို့.."
"ဟုတ်တယ် နှင်လွှတ်နေတာ"
"မဟုတ်ပါဘူးဆို"
"ဟုတ်ပါတယ်"
"မဟုတ်ပါဘူးဆိုဂျီဂျီရာ ကဲ မသွားချင်လည်းမသွားသေးနဲ့အုံး ပြော ဒီနေ့ကျောင်းမှာ ဘယ်လိုလဲ "
"ပုံမှန်ပါပဲ
"..
"အာ.. မေ့လို့ ပုံမှန်မဟုတ်ဘူး ကင်လ်ဂျီဆူးတို့ ကံဆိုးပြီးရင်ဆိုးတဲ့နေ့ပဲ "
"ဘာတွေများဖြစ်လာလို့လဲ Jiji"
"ပြဿနာအိုးနဲ့ တွေ့လာလို့"
أنت تقرأ
Loss Of Winner
أدب الهواةကိုယ့်ကိုယ်ကိုလိမ်ခဲ့မိလို့ ဒဏ်ခတ်ခံရပြီထင်ပါရဲ့..💔 " ငါ့ဘက်ကပဲအမြဲအနိူင်ယူနေလို့ ငါမရှုံးဘူးထင်နေလား? နင်တစ်ခါအရှုံးပေးတိုင်း ငါကဆယ်ခါလောက်ရှုံးနေခဲ့တာ.. " ကိုယ့်ကိုယ်ကိုလိမ်ခဲ့မိလို့ ဒဏ်ခတ်ခံရပြီထင်ပါရဲ့.. " ငါ့ဘက်ကပဲအမြဲအနိုင်ယူနေလို့ ငါမရှုံးဘူး...