Part 5

664 74 2
                                    

Unicode -

ဟီးး ငါ့မှာစာအုပ်ပါတယ် "

စာအုပ်မပါဘူးလို့ပြောကာ Jennieနားကပ်ပြီးမှ စာအုပ်ထောင်ပြပြီးစလိုက်တဲ့ အကျိုးဆက်က..

ခွက်!!

"အာ့ နာတယ်ဟ ဘာလို့ခေါင်းကိုခေါက်ရတာလဲ"

"နာပေါ့ သူများကိုလာ စ ချင်အုံးလေ"

အချိန်ကြာလာတော့ တစ်ယောက်နဲ့တစ်ယောက် စလိုက် နောက်လိုက် အရမ်းခင်တဲ့သူတွေဖြစ်လာခဲ့ကြတယ်~~~

"Lisa yaaနင်စာမလုပ်ဘူးလား"

Lisaသူ့နေရာတွင်မထိုင်ဘဲ အခြားအတန်းသွားကာ လေပေါနေသည်မို့ Jennieလှမ်းပြောလိုက်သည်

"စာမေးနေတာပါ"

"လျှောက်ပြောမနေနဲ့ Lisaစုတ် ငါတော့ နင်စကားပြောနေတာပဲမြင်တယ်"

"မဟုတ်ရပါဘူးဟာ ငါတကယ်ဒီဟာသင်တုန်းက အိပ်ငိုက်​နေလို့ အဲ့တာ.."

ပြောပြောဆိုဆိုနှင့်Lisaတစ်ယောက်သူ့နေရာသူချက်ခြင်းပြန်လာကာ Jennieနားကပ်ထိုင်ပြီးပြောလိုက်တော့

"ဒီဟာလား အဲ့လောက်လွယ်တာတောင်နင်နားမလည်ဘူးပေါ့ လာညာနေသေးတယ်"

" တကယ်ဟ ငါအိပ်ငိုက်သွားလို့ပါဆို"

"အရူး စာသင်နေတုန်းသေချာနားမထောင်ဘူးပေါ့လေ"

Jennieပြောရင်း Lisaနားရွက်ကိုခပ်နာနာလိမ်ဆွဲလိုက်သည်..

"အာ့ သေပြီ သေပြီ"

" နောက်တခါအိပ်ငိုက်အုံးမလား"

"မငိုက်တော့ဘူး လွှတ် လွှတ် လွှတ်တော့

ငါ့ကိုရှင်းပြတော့လေ"

"အွန်း ဒီဟာက...."

စာရှင်းပြဖို့အစပျိုးနေတဲ့JennieနားကိုLisaတစ်ယောက်အရမ်းတိုးကပ်လာတော့

"Lisa yaaနင်ဘလိုဖြစ်နေတာလဲ"

"ဘာဖြစ်လို့လဲ စာရှင်းတာကြည့်မလို့လေ"

"ဟိုဖက်တိုးလို့"

"စာရှင်းတာသေချာနားထောင်ရမာပေါ့ဟ မတိုးဘူး"

Lisa!!!!!!!

ပြောပြောဆိုဆိုနှင့်အနားကိုထပ်ကပ်လာသည်မို့ Jennieတစ်ယောက် Lisaကျောပြင်ကိုရိုက်ပစ်လိုက်သည်..

Loss Of Winner Where stories live. Discover now