Part 19

839 78 14
                                    

Unicode -

နာကျင်ရပါတယ် သို့သော်

မြတ်နိုးရတဲ့ဖြစ်တည်မှုလေးမို့

မနာကျည်းရက်ပါဘူး။ 🍃




"ဟဲ့ဟဲ့ အော် ဒီကလေးတော့
ဘယ်လိုဖြစ်တာလဲ အိမ်ပေါ်ကနေဆင်းတာ ဖြည်းဖြည်းဆင်းပါ ချော်ကျပါအုံးမယ်"

"ဟီးး ဟုတ်ကဲ့Omma"

"ပြောပါအုံး ဒါက ဘယ်ကိုသွားမလို့လဲ"

"ကျောင်းကို ခနသွားမလို့"

"နောက်နေ့မှသွားပါလား Liliလေးရယ် ကျောင်းကခွင့်ယူထားတယ်မဟုတ်လားနေလည်းကောင်းသေးတာမဟုတ်ဘဲနဲ့"

"နေကောင်းသွားပြီ Ommaရဲ့
ခုနလေးတင်ကောင်းသွားတာ စိတ်မပူပါနဲ့ ခနလေးသွားပြီးပြန်လာမှာ Jijiက အရေးကြီးတဲ့စာအုပ်မေ့ကျန်ခဲ့လို့"

"အဲ့ဒါဆိုလည်းဂရုစိုက်သွားနော် Liliလေး အ​နွေးထည်ထူထူဝတ်သွားအုံး အပြင်မှာအေးတယ်"

"Nae Omma...

ဒီကလေးတော့ဘယ်လိုဖြစ်တာပါလိမ့် မနက်ကတင် နေမကောင်းလို့မှိုင်ထွေနေတာ အခုကျတော့သူမဟုတ်တဲ့အတိုင်းပဲ...

တစ်ရက်လုံးနေမကောင်းဖြစ်နေခဲ့တာ သူ့အသံလေးကြားရတော့ အများကြီးသက်သာသွားသလိုပဲ။ Jennieဆိုတဲ့မိန်းကလေးက Lisaအပေါ်မှာ အဲ့ဒီ့လောက်ကိုသက်ရောက်မှုရှိတယ်။မျက်နှာလေးကို ခနလောက်ဖြစ်ဖြစ်တွေ့ချင်တယ်လို့တွေးနေတုန်းရှိသေး သူ့ကိုမုန့်လာပို့ပါတဲ့လေ ဘယ်ပြောကောင်းမလဲ လာပို့မယ်လို့ပြန်ပြောပြီး ချက်ချင်းကို အပြင်သွားဖို့ အဝတ်အစားလဲတော့တာ။

ဘာဝယ်သွားရင်ကောင်းမလဲ...
နို့အိုက်စ်ခရင်မ်. အင်း.. ပြီးတော့.....

_____________

အတန်းတော့မတက်သေးပါဘူး တော်သေးလို့ သူဘယ်မှာရှိမလဲ ဖုန်းဆက်လိုက်ရင်...
အာ..မဟုတ်သေးပါဘူး လိုက်ရှာစမ်းလီဆာ
လိုက်ရှာ လိုက်ရှာ...

"where is Jennie? where is Jennie?
where is my love? where? where? "

ပါးစပ်ကတတွတ်တွတ်ရွတ်ပြီး Jennieကိုလိုက်ရှာနေတဲ့Lisaက တကယ်တက်ကြွနေပြီး ​နေမကောင်းဖြစ်နေသည့်လူနှင့် တစက်လေးမျှ မတူ...

Loss Of Winner Où les histoires vivent. Découvrez maintenant