OSOD-1(U&Z)

147K 7.9K 343
                                    

အပိုင်း (၁)

2013ခုနှစ်။

"ဂျိမ်း! ဂျိမ်း!⛈️⛈️"

အချိန်အားဖြင့် ည8နာရီ။

မှောင်မည်းနေသော‌တောလမ်းကျဥ်းလေး တစ်နေရာ၌ ခပ်သုတ်သုတ်လျှောက်လှမ်းနေသောလူလေးဦး...။အင်း လေးဦးပဲဆိုပါတော့..။
အသက်မပြည့်သေးတဲ့ကလေးနှစ်ယောက်ရယ်၊အသက်ပြည့်ပြီးလူကြီးနှစ်ယောက်ရယ်..။ မိုးရွာနေသော်လည်း လိုရာခရီးသို့အမြန်ရောက်ရေးသာ အလေးထားပုံရ၏။တစ်ချက်တစ်ချက် လက်ခနဲဖြစ်သွားသော လျှပ်စီးရောင်က သူတို့လျှောက်နေရာလမ်းကျဥ်းလေးအတွက် သဘာဝကပေးတဲ့အလင်းရောင်ပင်။ ကြယ်ရောင်၊လရောင်မရှိသော်လည်းလက်နှိပ်ဓာတ်မီး၏အလင်းရောင်၊လျှပ်စီး၏အလင်းရောင်တို့က ခပ်ပါးပါးခြုံအချို့နှင့်ဆူးခလုတ်များကို ကောင်းစွာကျော်ဖြတ်နိုင်ကြလေသည်။

"မောနေပြီလား..အနန်း၊ရှေ့နည်းနည်းဆက်လျှောက်ရင် ကားလမ်းကိုရောက်ပါပြီ"

"မမောပါဘူးအကိုရဲ့ ၊ ခမ်းလေး..ဖေ‌ဖေ့လက်ကိုသေချာကိုင်ထားနော်"

"ဟုတ်ကဲ့မာမား..
ခမ်းကိုအထုတ်တစ်လှည့်ပေးအုံးလေဖေဖေ..
ကူပြီးဆွဲပေးပါ့မယ်"

"ဟားဟား..ရပါတယ်ဗျာ..
ဖေဖေ့လက်ကိုသာသေချာကိုင်ထား..အောက်ကိုလည်းကြည့်လျှောက်ဦး"

"ဟုတ်ကဲ့ပါဖေဖေ.."

"သမီးကအိပ်လှချည်လား အနန်း
ကိုယ်ပူနေသလား စမ်းကြည့်ပါဦး"

"မပူဘူးအကို၊အိပ်ပြီးလိုက်တာပဲကောင်းတယ်
မဟုတ်ရင်တအီအီလုပ်နေမှာ"

"လာလာ၊ မြန်မြန်လျှောက်ရအောင်၊ ကားရပါစေပဲဆုတောင်းရမယ်"

တဖန်တိတ်ဆိတ်သွားတဲ့ ပတ်ဝန်းကျင်မှာ မိုးမရွာတော့ပေမဲ့ လျှပ်စီးကတော့တဖျပ်ဖျပ်လပ်နေတုန်းပင်။

ကျွန်မနာမည်က နန်းသက်ထား။ရှမ်းတိုင်းရင်းသူစစ်စစ်တစ်ယောက်ဖြစ်ပေမဲ့ တောင်ကြီးမှာ ကျောင်းတက်ရင်း ဗမာစစ်စစ်အကိုနဲ့ဆုံတွေ့၍ဖူးစာပါခဲ့သည်။ထုံးတမ်းအစဥ်လာတွေအရ သျှောင်နောက်ဆံထုံးပါရမှာဆိုပေမဲ့ အကိုကတော့ ကျွန်မနေထိုင်ရာ ရှမ်းပြည်တောင်ပိုင်းကိုသာလိုက်နေခဲ့သည်။အကိုက မြေပြန့်သားလေးပါ။သို့သော်တာဝန်တစ်ဖက်နှင့်ဖြစ်သော အကို့အမေကြောင့် တောင်ကြီးမြို့သို့ ခေတ္တပြောင်းရွှေ့လာရင်း ဆုံဖြစ်ခဲ့တာဖြစ်သည်။အကိုနဲ့ လက်မထပ်ခင်တစ်နှစ်လောက်မှာပဲ အစ်ကို့အမေက ဦးနှောက်သွေးကြောပြတ်၍ဆုံးသွားခဲ့တာမို့ တစ်ကောင်ကြွက်လိုဖြစ်သွားတဲ့အစ်ကိုကကျောင်းပြီးတဲ့အထိကြိုးစားရုန်းကန်ရင်းတက်ခဲ့သူပါ။

Other Side Of Diversity (Completed)Where stories live. Discover now