အပိုင်း (၉)
"အားလုံးပဲ ဒီနေ့တော့အချိန်လည်းပြည့်ပြီမို့ ဒီလောက်ပါပဲနော်
နားလည်မတာရှိရင် မရှင်းသေးတာရှိရင် အစ်မကို လာမေးလို့ရပါတယ်""ဟုတ်ကဲ့ပါ...."
"မမ သမီးလိုက်ပို့မယ်နော်"
"ရတယ် ညီမလေး အစ်မဘာသာယူသွားလိုက်ပါ့မယ်
နောက်တစ်ချိန်သင်ရတော့မှာ မဟုတ်လား""Bioဆရာကနောက်ကျမှာတဲ့ ရတယ်မမ သမီးကိုပေး"
"အင်းပါ အဲ့ဒါဆိုလည်း ယူလာခဲ့နော်"
"ရတီချို"
"ဟင်"
"ငါလိုက်ပို့မယ်.."
"ဟမ်!..ငါသွားပို့မလို့လေ"
လိုက်ပို့ပေးချင်နေတဲ့ ညီမလေးနဲ့ စကားပြောနေတုန်း အနောက်ကနေ ရောက်လာတဲ့ အသံပိုင်ရှင်ကြောင့် ပြောလက်စကိုရပ်ပြီး သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။
"ငါပို့မှာ ပေး စာအုပ် "
တစ်ဖက်ကပြန်ပြောတာကိုတောင်မစောင့်နိုင်ပဲ စာအုပ်တွေကို အတင်းဆွဲယူကာ လိုက်ပို့မည်တကဲကဲလုပ်နေသော အဆိုးအပေအားကြည့်ကာ သက်ပြင်းချမိလိုက်သည်။ကလေးပိစိလည်းမဟုတ်ပါဘဲ နေရာတကာသူ့စိတ်ချည်း။
"ကဲကဲ..အဆင်ပြေတဲ့သူလိုက်ပို့နော် အစ်မသွားနှင့်မယ်"
သိပ်မကြာခင်မှာပဲ အနောက်ကလိုက်လာသောခြေသံကြောင့် လှည့်ကြည့်မိလိုက်တော့ ထင်တဲ့အတိုင်းအရွတ်တုံးပါပဲ။
ကျွန်တော်လှည့်ကြည့်တာကိုမြင်တော့ မျက်လုံးတစ်ဖက်မှိတ်ပြလာပြန်သည်။ခက်လိုက်တာ ဒီကောင်လေး။တစ်ယောက်ယောက်မြင်ရင် မကောင်းတော့တာမို့ သူ့ကို အမြန်သွားစေချင်တာကြောင့်
"ရပြီ ဒီကိုပေးခဲ့လိုက်တော့"
"နေပါအုံး အခန်းထဲအထိလိုက်ပို့မှာ"
"မလိုဘူး ဒီကိုပေး"
"မ,ကလည်းဗျာ..လိုက်ပို့ချင်လို့ပါဆို
ပြီးတော့ ဒီမှာစာသင်မှာကို ဘာလို့မပြောတာလဲ..""ဒီမှာ..!ငါ့ဘာသာငါ ဘယ်မှာပဲသင်သင် ပြောပြနေရအောင်မင်းကဘာမို့လို့လဲ"
YOU ARE READING
Other Side Of Diversity (Completed)
Romanceအရိုးသားဆုံးချစ်ရတာက အခမ်းနားဆုံးပျော်ရွှင်မှုပါပဲ... #ခမ်း