အပိုင်း(၁၃)
ဘုရားပွဲနီးလာပြီမို့ ရွာထဲတွင်လူအများအပြားဖြင့် စည်းကားနေသည်။ဘာသာရေးပွဲမို့ အိမ်တိုင်းကဘုန်းကြီးကျောင်းသို့ဆွမ်းချိုင့်ပို့ကြမည်ဖြစ်၍ ကိုယ်စီအလုပ်ရှုပ်နေကြတာမျိုးပင်။
ရွာဦးကျောင်းမှလည်း ဗြောသံတညံညံကို မပြတ်ဖွင့်နေသည်မို့ စိတ်တွေက ပို၍လှုပ်လှုပ်ရှားရှားဖြစ်နေမိ၏။ဒီနှစ် ဇာတ်ပွဲပါမယ်ဆိုတော့ကား ရှိရှိသမျှ ပျိုပျိုအိုအို အားလုံးဟာ ပွဲမတိုင်မီကတည်းကလှလှပပ။ခမ်းတို့အိမ်မှာလည်းထို့နည်းတူစွာ တစ်ခါမှမကြုံဖူးတဲ့ ပွဲတော်မို့ ပါဝင်ဆင်နွှဲဖို့ရာ ကိုယ်စီစိတ်လှုပ်ရှားနေကြ၏။
"မားရေ...သုသုကို ဒီဝမ်းဆက်လေး အမှီချုပ်ပေးနော်
မနက်ပိုင်းဆွမ်းကပ်ရင် ဝတ်သွားချင်လို့""မိသုသုရယ် မှီအောင်ချုပ်ပေးမယ်လို့ပြောထားတယ်လေအေ ဘယ်လိုဖြစ်နေတာတုန်း..!ကျောင်းကပြန်လာကတည်း ဒီပိတ်စအကြောင်းပဲပြောနေတယ်"
"မားကလည်း မှီအောင်ချုပ်မယ်သာပြောနေတာ အခုထိ ပိတ်စအတိုင်းပဲရှိသေးတယ် ဘုရားပွဲကသုံးရက်ပဲလိုတော့တာကို "
"ငါကပ်ကြေးနဲ့ ထိုးညှပ်ပလိုက်ရ မကောင်းရှိရော့မယ် ညည်းဝတ်မဲ့အချိန် ကိုယ်ပေါ်ရောက်နေရင်ပြီးရောမဟုတ်လားဟဲ့"
"ဟင့် မာမားတို့ အမြဲတမ်းအဲ့လိုပဲ ကိုကို့ကိုဆိုရင် ဟိုဟာလေး လှတယ် ဒီဟာလေးဝတ်မလားနဲ့ဖြစ်နေတာ သုသုကိုဆို ဘယ်တော့မှစိတ်မရှည်ဘူး.."
ပါးစပ်ကလည်းပြောရင်း မျက်ရည်များလည်းကျလျက် အိပ်ခန်းထဲသို့ ဝင်သွားသော သုသုကိုကြည့်၍ မားသက်ပြင်းချနေသည်ကို အိမ်ရှေ့ခန်းမှာထိုင်နေသော ကျွန်တော်ကမြင်လိုက်ရသည်။
ဒီအရွယ်လေးနဲ့ ဟိုဟာဝတ်ချင် ဒီဟာလှချင်ဆိုတာမျိုး မားကသဘောမကျပါ။သူဆင်ပေးတာမှန်သမျှ မညည်းမညူဝတ်တာမျိုးပဲကြိုက်သည်။ သုသုက အဲ့လိုမဟုတ် အရွယ်ငယ်ငယ် မိန်းကလေးပေမို့ ပို၍လှချင်ရှာသည်။
![](https://img.wattpad.com/cover/268128662-288-k952264.jpg)
YOU ARE READING
Other Side Of Diversity (Completed)
Romanceအရိုးသားဆုံးချစ်ရတာက အခမ်းနားဆုံးပျော်ရွှင်မှုပါပဲ... #ခမ်း