အပိုင်း(၂)(ဒီအပိုင်းမှာ Male pregnancyနဲ့ပတ်သတ်ပြီး နားလည်သလိုပဲရေးထားပါတယ်။ ဆေးပညာနဲ့ပတ်သတ်ပြီး လွဲမှားနေတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါက စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်တာကြောင့် ဇာတ်လမ်းအတိုင်းပဲ စီးမြောကြရအောင်နော်။တစ်စုံတစ်ခုကို ထိခိုက်လိုစိတ် နည်းနည်းလေးတောင်မရှိပါဘူးရှင်။)
*2012ခုနှစ်
(📌ခုနှစ်က တစ်နှစ်ပဲခြားတာပါ။2012ဟာဒေါ်နန်းသက်ထား ပြန်စဥ်းစားနေတဲ့အချိန်ကာလဖြစ်ပြီး 2013ကတော့လက်ရှိအချိန်ပါ။)သားကို ဆေးရုံတင်တဲ့နေ့မှာပဲ ဆရာဝန်တွေကအရေးပေါ်စမ်းသပ်မှုတွေလုပ်ခဲ့ကြသည်။ထို့နောက် သားရဲ့အုပ်ထိန်းသူတွေဖြစ်တဲ့ အစ်ကိုနဲ့ ကျွန်မကို သီးသန့်ခေါ်တွေ့ခဲ့၏။
"ကလေးရဲ့မိဘတွေဆိုတော့ သိသင့်တာကိုကျွန်တော်ပွင့်ပွင့်လင်းလင်းပဲပြောပါ့မယ်နော်"
"ဟုတ်ကဲ့ ပြောပါဒေါက်တာ"
"အရင်ဆုံးမေးချင်တာက ဒီကညီလေးနဲ့ ညီမလေးတို့မျိုးရိုးထဲမှာ သားအိမ်ပါတဲ့ ယောကျာ်းလေးရှိသလား၊ ဒီကိစ္စက မျိုးရိုးနဲ့လည်းဆိုင်မလားလို့ပါ"
"ဗျာ!"
ရုတ်တရက် တုန်လှုပ်သွားတဲ့အစ်ကို့ပုံစံက သိသိသာသာ။
"ဟိုလေဒေါက်တာ ကျွန်တော်တို့မရှင်းလို့ ပြန်ပြောပြပါလား"
"ဟုတ်ကဲ့ ရှိပါတယ်ဆရာ..ကျွန်မမျိုးရိုးထဲမှာရှိပါတယ်"
"အနန်း!"
"နောက်မှ ပြောရအောင်အစ်ကို
ဆက်ပြောပါဆရာ အခု သားကအဲ့လိုလက္ခဏာလားဟင်""ဟုတ်ကဲ့ လက္ခဏာမဟုတ်ဘူးဗျ၊
ကလေးက သားအိမ်ပါနေတာပါ။ ပြီးတော့ အခုဗိုက်အောင့်ရတာကလည်း သားအိမ်ပါတဲ့အတွက် မိန်းကလေးတွေလိုမျိုးတစ်လတစ်ခါ Menstruationဖြစ်ချင်လာလို့ဆိုပြီးယေဘုယျအနေနဲ့ သတ်မှတ်ထားတယ်ဗျ။ယောကျာ်းလေးဆိုတော့ ပုံမှန်ထက် အများကြီးပိုခံစားရမှာဖြစ်တဲ့အတွက် ပထမဆုံးအကြိမ်မှာဆိုရင် အလွန်အကျွံဗိုက်အောင့်တာတို့ ဆီးစပ်ကိုက်တာတို့ ဖြစ်တတ်ပါတယ်။စိုးရိမ်စရာမဟုတ်ပေမဲ့ ဆေးသေချာသောက်ပြီး ဂရုတစိုက်ရှိစေချင်ပါတယ်ခင်ဗျ"

YOU ARE READING
Other Side Of Diversity (Completed)
Romanceအရိုးသားဆုံးချစ်ရတာက အခမ်းနားဆုံးပျော်ရွှင်မှုပါပဲ... #ခမ်း