OSOD-16(U&Z)16+

132K 5.8K 711
                                    

U&Z

ရောင်စုံတလက်လက်ထွက်ပေါ်နေသော ဇာတ်ခုံထက်တွင် ဇာတ်မင်းသား/သမီးလေးများက ညီညီညာညာဖြင့် သူတို့တာဝန်ကို ကျေပွန်စွာထမ်းဆောင်နေရင်း ပျော်ရွှင်စွာကခုန်နေကြ၏။

ပထမညမှာတင် ရုံပြည့်ရုံလျှံဖြစ်ရတဲ့အထိ ပွဲက အဆင့်မြင့်ပြီး ကောင်းလှသည်။ မင်းသားမင်းသမီးတွေကလည်း ငယ်ငယ်ချောချောလေးတွေမို့ လူငယ်ပုရိတ်သတ်များအတွက် မျက်စိပဒါသဖြစ်နေသည်။

ဇာတ်ပွဲဆိုလျှင် အသက်ကြီးပိုင်း ဖိုးဖိုး၊ဖွားဖွားတွေက အစအားပေးကြတာမို့ အမြင်မရိုင်းသော ဝတ်စားဆင်ယင်မှုတွေနဲ့ အောက်လုံးမပါတဲ့ ပြက်လုံးတွေကြောင့်လည်း ပုရိသတ်ရဲ့တခဲနက်အားပေးမှု့ကို ပိုမိုရရှိကြခြင်းပေ။

လူရွှင်တော်ဦးလေးကြီးတွေက ပုရိတ်သတ်တွေထဲကို လက်ညှိုးညွှန်၍ By nameမတပ်ရုံတမယ် စနောက်မှုကိုလည်း ခံကြရသေးသည်။

ကျွန်တော်တို့ထိုင်နေသော နေရာက ဇာတ်ခုံနဲ့တည့်တည့်ဖြစ်သော လေးတန်းမြောက်မှာမို့အားလုံးကို ရှင်းလင်းစွာမြင်နေရသည်။

"မောင် အိပ်ချင်နေပြီလား"

"ဟင့်အင်း..အခုမှ 11ကျော်ရုံပဲ ရှိသေးတာကို"

ခါးကိုပြန်ဖက်ထားသော လူဆိုးလေးကြောင့် အသက်ဝဝရှူရဲသည်မှာ နာရီဝက်လောက်သာရှိဦးမည်။
လူကြားထဲမှာဆိုတဲ့အသိကြောင့် မောင့်ကို စိတ်ရှိတိုင်းခွင့်မပြုရဲ။

နွေးနွေးကလည်း အနောက်ကို တဖြည်းဖြည်းရွေ့သွားတာ တေဇရင်ခွင်ထဲ၌ ကွက်တိပင်ဖြစ်နေပြီမို့
သဘောကျစွာရယ်မိ၏။ မားနဲ့ သုသုလေးကလည်း တစ်ယောက်ကိုတစ်ယောက်ဖက်၍ စောင်ခြုံထဲကွေးကာ ပွဲကိုအားပေးနေကြသည်။

မကြာခင်ပြဇာတ်လာတော့မှာမို့ ကန့်လန့်ကာချသွားသည်။ဘောက်မှထွက်လာသော အသံပါဝါကောင်းကောင်းနဲ့အကိုကြီး၏ ပြဇာတ်အတွက် ပရိုမိုရှင်းဆင်းနေသံကို အာရုံစိုက်၍ နားထောင်မိ၏။

ဇာတ်လမ်းတွင် မင်းသားနဲ့မင်းသမီးကို မိဘကသဘောမတူဘဲ မင်းသားကိုတခြားအမျိုးသမီးနှင့် အတင်းအကြပ်စီစဥ်လာသောကြောင့် ထွက်ပြေးကြရင်း အသက်စွန့်သွားရရှာတဲ့ မင်းသမီးလေးအကြောင်းမို့ အားလုံးက မကြည့်ရသေးခင်မှာပဲ ဝမ်းနည်းနေသော မျက်ဝန်းများဖြင့်။

Other Side Of Diversity (Completed)Où les histoires vivent. Découvrez maintenant