အပိုင်း(၅)
2015ခုနှစ်
ဒီဇင်ဘာလလယ်ပိုင်း
"ကလေးတွေ ဒီနေ့စာမေးပွဲဖြေရမှာနော် မသွားခင်ဘုရားရှိခိုးကြအုံး"
ဒါကတော့ ချစ်လှစွာသော မားရဲ့အသံပါ..မနက်မိုးလင်းကတည်းက စကားနဲ့ပါးစပ်နဲ့ မပြတ်သေးဘူး ခဏနားလိုက်ပြန်ပြောလိုက်နဲ့ မားအစားမောလိုက်တာဆိုတာလေ။ ထုတ်တော့မပြောရဲပါဘူး တော်ကြာဇွန်းပျံ ပန်းကန်ပျံတွေရောက်လာဦးမယ်။
အခုဆို ခမ်းတို့က ဖိုးဖိုးကြီးတို့အိမ်ကနေပြောင်းလာခဲ့ပြီဖြစ်သည်။ ခမ်းက 9တန်းနှစ်ရောက်ပြီဖြစ်လို့ မာမားက အစစအရာရာ အရင်ကထက်ပိုပြီး ဂရုစိုက်လာသလို 6တန်းတက်နေတဲ့ သုသုလေးကိုလည်း မျက်စိအောက်ကအပျောက်မခံတော့။
ဖေဖေက အိမ်ကို သေချာပြန်ပြင်ထားတာမို့ သပ်သပ်ရပ်ရပ်နှင့် နေချင်စဖွယ်အိမ်လေးက ခမ်းတို့မိသားစုရဲ့ အေးချမ်းရာအသိုက်အမြုံလေးပင်..။ဘိုးဘိုးကြီးတို့အိမ်နဲ့ အရမ်းမဝေးပေမဲ့ ခမ်းတို့အိမ်ကရွာအရှေ့ဘက်၌ဖြစ်၍ မြစ်နဲ့နီးသလို နွေးနွေးတို့အိမ်နှင့်လည်း တစ်အိမ်သာခြားတော့သည်။ ဖိုးဖိုးကြီးတို့အိမ်က ရွာအလယ်နားမှာဖြစ်တဲ့အတွက်သိပ်တော့လည်းမဝေးလှပါ။ဖေဖေက နေ့စဥ်လယ်ထဲသွားသလို မာမားကလည်းအခုဆို အိမ်မှာအချိန်ရရင် ရသလို စက်ချုပ်လေသည်။
အမြင်ရှိပြီးသေသပ်တဲ့မာမားလက်ရာလေးတွေကြောင့် ဒီနားပတ်ဝန်းကျင်ပါမက ရွာအနောက်ပိုင်းကပါ လာရောက်အပ်နှံကြလေသည်။
အခုလည်း မာမားလက်ရာထဲက တစ်စုံဖြစ်တဲ့ အဖြူအစိမ်းလေးကို သေးသွယ်ပြီး တင်းတင်းရင်းရင်းဖြစ်လာတဲ့ ခန္ဓာကိုယ်မှာ ချပ်ရပ်စွာဝတ်ဆင်လိုက်သည်။မှန်ထဲ၌မြင်နေရသော ကိုယ့်ကိုယ်ကိုယ် သေချာကြည့်နေမိရင်း ပြောင်းလဲလာတဲ့ အစိတ်အပိုင်း တစ်ခုချင်းစီကို မှတ်သားနေမိသည်မှာ အချိန်အတော်ပင်ကြာလှပြီ။
ပထမဆုံးအနေနဲ့ပြောင်းလဲလာတာကတော့ ခမ်းရဲ့ဆံပင်တွေပင်ဖြစ်သည်။ ခါးနားတစ်ဝိုက်မှာဝဲခါနေသော ဆံပင်တွေကို စိတ်တိုင်းကျစွာ ဖြီးသင်လိုက်ပြီး နှစ်ဖက်ခွဲကာ ကျစ်ဆံမြီးကျစ်လိုက်သည်။
YOU ARE READING
Other Side Of Diversity (Completed)
Romanceအရိုးသားဆုံးချစ်ရတာက အခမ်းနားဆုံးပျော်ရွှင်မှုပါပဲ... #ခမ်း