အထောက်အထားဖော်ထုတ်ခံရခြင်း(အေထာက္အထားေဖာ္ထုတ္ခံရျခင္း)

2.7K 657 20
                                    

အထောက်အထားဖော်ထုတ်ခံရခြင်း

ရုန်ရွှယ်၏ အဖော်များသည် သူထွက်ခွာသွားသော နောက်ကျောကိုကြည့်ပြီး တစ်ယောက်ကို တစ်ယောက် ခိုးဝှက်သောအပြုံး ပြုံးနေကြသည်။ 

သူတို့ထဲက တစ်ယောက်က သူမလက်ကို မြှောက်လိုက်ပြီး အခြားလူတစ်ယောက် ရှေ့မှာ အဖြူရောင် ဖုန်းတစ်လုံးကို လှုပ်ခါလိုက်သည်။  သူမက ပြုံးပြီး“သူ့အိတ်ထဲက နှိုက်ခဲ့တာ။ ”

“ မစ္စတာ ကျန်းရဲ့ ဖုန်းနံပါတ်ကို ရှာကြည့်ရအောင်။ ”

သူတို့နှစ်ဦးသည် ခေါ်ဆိုမှုစာရင်းအား အမြန်ဖွင့်လိုက်သည်။ ဖုန်းသည် စကားဝှက်ခံထားသဖြင့် ဖုန်းကဒ်ကို ထုတ်ပစ်လိုက်ပြီး သူတို့၏ ကိုယ်ပိုင် ဖုန်းထဲကို ထည့်လိုက်သည်။

ကံကောင်းထောက်မစွာနှင့် ကျန်ူပေထျန်း၏ ဖုံးနံပါတ်သည် ကဒ်ထဲတွင် ရှိနေသည်။ မကြာမီပင် သူတို့၏ ဖုန်း၌ ထိုနံပါတ်ကို ပြသလိမ့်မည်။ 

သူတို့သည် တတိယထပ်သို့ အပြေးအလွှားသွားပြီး တံးခါးကို တွန်းဖွင့်လိုက်ရာ ရုန်ရွှယ်သည် မှန်ရှေ့တွင် မိတ်ကပ် လိမ်းနေသည်ကို တွေ့လိုက်ရသည်။ 

ရုန်ရွှယ်သည် သူမ၏အဖော် လုရှန်းနှင့် ရှရှောင်းရှောင်း ဝင်လာသည်ကို မြင်သည်။ သူမ ကိုင်ထားသော နှုတ်ခမ်းနီကို ချက်ချင်း ချလိုက်ပြီး " ကျန်းပေထျန်းက ဘယ်တော့လာမှာလဲ? " ဟု စိုးရိမ်တကြီး မေးလိုက်သည်။ 

သူတို့၏ ယခင်အစီအစဉ်အရ  ကျန်းပေထျန်းနှင့် မုယိဖန်တို့ အတူတကွလာလျှင် လုရှန်းနှင့် ရှရှောင်းတို့သည် မုယိဖန်အား တာဝန်ယူပြီး သူမသည် ကျန်းပေထျန်းနှင့် နှစ်ယောက်တည်း အချိန်ဖြုန်းစေမည်။

မုယိဖန်သာ တစ်ယောက်တည်းလာလျှင် သူမမရှိကြောင်းပြောရမည်။ လုရှန်းနှင့် ရှရှောင်းရှောင်းတို့သည်  မုဟိဖန်ကို ဖျော်ဖြေရမည်။ 

" မလာဘူး " လုရှန်းက ခေါင်းခါလိုက်သည်။ 

ရှရှောင်းရှောင်းက ဆက်၍“ ဒါပေမယ့် ငါတို့ မစ္စတာကျန်းရဲ့ ဖုန်းနံပါတ်ရပြီ။” 

နံပါတ်ဝမ်း ဇွန်ဘီဇနီးလေး(myanmar translation)Where stories live. Discover now