3K 646 17
အမျိုးသား ဇာတ်လိုက်နှင့် တွေ့ဆုံခြင်း
ကားသည် G City သို့ ၀င်ပြီးနောက် မြို့သည် ၁၂ အဆင့်ရှိသော တိုင်ဖုန်း မုန်တိုင်း တိုက်ခတ်ထားသောမြင်ကွင်းနှင့် တူသည်။ ကျန်းကောစုန်းနှင့် သူ၏ သားသည် အချိန်ကြာမြင့်စွာ လှည့်ကြည့်ကြသည်။
စည်ကားခဲ့သော မြို့သည် ယခုအခါ ကားများဖြင့် ပြည့်နေရုံသာမက ကိုက်ထားသော အသေကောင်များနှင့် မရှင်းလင်းရသေးသော အမှိုက်များလည်း ရှိနေသည်။
တစ်ချိန်က စည်ကားခဲ့သော လမ်းများသည် ယခုအခါ အေးစက်ပြီး ကြည်လင် ပြတ်သားလျက် လမ်းပေါ်တွင် လူသူမရှိပေ။ လမ်းပေါ်မှာ လျှောက်နေသော ဇွန်ဘီအချို့သည် G City တစ်ခုလုံးကို နှစ်ပေါင်းများစွာ စွန့်ပစ်ထားသည့် မြို့ကြီးတစ်ခု အဖြစ် ထင်ရှိစေသည်။
"ဒါ...... ဒါက၊ ငါတို့ ထွက်သွားတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်လေ။ G Cityက ဘယ်လိုဖြစ်သွားတာလဲ? " ကျန်းကောစုန်းသည် ပြတင်းပေါက်ကနေ ငေးကြည့်နေပြီး ပြတင်းပေါက် အပြင်ဘက်က အရာအားလုံးကို မယုံနိုင်စွာ ကြည့်နေသည်။
သူသည် မှားယွင်းသော နေရာသို့သွားခဲ့သည်။ သို့မဟုတ် ' သရဲ မြို့တစ်မြို့´ သို့များ ကူးပြောင်းခံရသည်ဟု မြန်မြန်ဆန်ဆန် တွေးထင်နေတော့သည်။
ကျန်းကျားမင်က ဗိုင်းရပ်စ် ကူးစက်မှုသည် ဤမျှလောက် အစွမ်းထက်လိမ့်မည်ဟု မထင်ခဲ့ပေ။ သူသည် အမျိုးသား သုတေသန ဋ္ဌာနမှ ထွက်ပြေးသွားပြီး လဝက်ခန့်အကြာတွင် G City သည် သေနေသောမြို့တစ်မြို့ကဲ့သိို့ ဖြစ်လာခဲ့သည်။ 
အခြား မြို့တွေကလည်း G Cityအလားတူလားဆိုတာ သူမသိပေ။ ဇွန်ဘီိများက နေရာတိုင်းမှာ ရှိနေသည်။
မုယိဖန်က G Cityသည် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ကို သိပြီးသားဖြစ်သော်လည်း နှလုံးသား၌ ထိတ်လန့်မှုသည် ကျန်းကောစုန်းနှင့် သူ့သားကဲ့သို့ မလျော့ပေ။ နောက်ဆုံးတော့ ဒါက တစ်ကမ္ဘာလုံး သူနှင့် ကျန်းသားဖ တို့သာရှိခဲ့သလို ဒီလိုမြင်ကွင်းမျိုးကို ပထမဆုံး မြင်ရတာ ဖြစ်သည်။
ထို့ပြင် လက်ရှိ ဇွန်ဘီများသည် လွန်ခဲ့သော ခုနစ်ရက်က တွေ့ခဲ့ရသည့် ဇွန်ဘီများထက် ပို၍ ရွံစရာကောင်းသည်။ ယခု ဇွန်ဘီအားလုံးသည် အနက်ရောင်သို့ ပြောင်းသွားပြီး၊ မျက်လုံးများသည် အဖြူရောင်၊ နှုတ်ခမ်းများသည် အနက်ရောင်နှင့် ခရမ်းရောင်ရှိကြပြီး သူတို့၏ မျက်နှာများ မဟုတ်လျှင် သူတို့၏ ခန္ဓာကိုယ်သည် အကိုက်ခံရပြီး ပုပ်နေသော အသားသည်ဟတစ်ကိုယ်လုံးနီးပါး ဖြစ်နေပြီး ရွံရှာဖွယ်ကောင်းသော အနံ့ကို ပေးသည်။
နံပါတ်ဝမ်း ဇွန်ဘီဇနီးလေး(myanmar translation)Where stories live. Discover now