မင်းနားလည်မှုလွဲနေပြီ(မင္းနားလည္မႈလြဲေနၿပီ)

2.9K 641 8
                                    

မင်းနားလည်မှုလွဲနေပြီ

မုယိဖန်သည် မု နည်းပညာ ကုမ္ပဏီ အဆောက်အဦးမှ ထွက်ပြေးလာသည်။ သူသည် ကားအနည်းငယ်သာ ဖြတ်သွားရသော နေရာတစ်ခုသို့ ရောက်သည်အထိ ကားကိုရှောင်တခင် မောင်းသွားသည်။

သူသက်ပြင်းချလိုက်ပြီး သူ့ဗိုက်ကို ညင်ညင်သာသာ ထိလိုက်သည်။ "မင်းရိုးရိုးသားသား ပြော၊ မင်း ကျန်းပေထျန်းကို အကြောင်းကြားခဲ့လား? "

ရုတ်တရက် ဗိုက်က အားပြင်းထန်စွာ ခုန်ကာ ဆန္ဒပြခြင်းနှင့် မကျေနပ်ချက်များကို ဖော်ပြနေသည်။

မုယိဖန်သည် စိတ်ရှုပ်ထွေးစွာဖြင့်  "မင်း အကြောင်းမကြားခဲ့ရင် ဘယ်သူပြောတာလဲ? ကျန်းပေထျန်းက ငါ့အကြောင်းကို ဘယ်လိုလုပ် သိနိုင်မှာလဲ? မု နည်းပညာ ကုမ္ပဏီ အဆောက်အဦးမှာ ငါမှန်းကို သူဘယ်လိုသိနိုင်မှာလဲ? "

ဗိုက်က သူမသိကြောင်း ပြောနေသလို ဆက်တိုက်ကို ခုန်နေသည်။

ထိုအချိန်တွင် သူ၏ ဖုန်းမည်သံ ဖြစ်သော ရင်းနှီးသော ဂီတသံတစ်ခုသည် မုယိဖနိ၏ အတွေးများကို ပြန်ဆွဲထုတ်လိုက်သည်။

သူ ငုံ့ပြီး ထိုင်ခုံကို ကြည့်လိုက်သည်။ သူ့ဖုန်းကို သူရှာမတွေ့ခဲ့ဘူး။ ထို့နောက် သူသည်ဟသူ၏ အိတ်ကပ်ကို ထိလိုက်တော့ ဖုန်းသည် သူ့အိတ်ကပ်ထဲတွင် ရှိနေသည်။ 

“* ​ောက်လခွမ်း* ဒီဖုန်းမှာ ကိုယ်ပျောက် အပ်ပလီကေးရှင်းများ  တပ်ဆင်ထားလား မသိဘူး?”

သူ မု နည်းပညာ ကုမ္ပဏီရဲ့ အဆောက်အဦး ထိပ်မှာ ရှိနေတုန်းက သူသည် တစ်ကိုယ်လုံးအနှံ့ကို ရှာကြည့်သည်။ သူ့ဖုန်းကို ရှာမတွေ့ခဲ့ဘူး။ ရုတ်တရက် ဘယ်လိုလုပ် ပေါ်လာတာလဲ?

မုယိဖန်သည် သံသယများနှင့် ပြည့်နေပြီး ဖုန်းခေါ်ဆိုသူ ID မှာ မုယွဲ့ချန် ဖြစ်ကြောင်း သူတွေ့လိုက်သည်။  ရုတ်တရက် မုယွဲ့ချန်က သူ့ကိုခေါ်ဖို့ လူတစ်ယောက်ကို ကုမ္ပဏီကိုစေလွှတ်လိုက်သည်။ သူက ဖုန်းကိုအမြန်ကောက်ယူလိုက်ပြီး“ အဖေ၊ ကျွန်တော်......”

သူ ပြီးအောင်တောင် ​မပြောရသေးဘူး။ မုယွဲ့ချန်က ဟာသပြောနေသည်ကို ကြားလိုက်ရသည်။ “ယိဖန်၊ ဗိုလ်မှူးကျန်းက မင်းကို ကုမ္ပဏီမှာ လာခေါ်လိမ့်မယ်။"

နံပါတ်ဝမ်း ဇွန်ဘီဇနီးလေး(myanmar translation)Where stories live. Discover now