မင်းကို အိမ်မက်ထဲ ထည့်မက်နေတယ်(Zawgyi)

2.2K 217 12
                                    


မင်းကို အိပ်မက်ထဲ ထညျ့မက်နေတယ်

မုယိဖန်သည် ကျန်းပေထျန်း နှင့် ရှန်းကောတို့ သူ့အား အေးစက်စွာ ကြည့်နေသည်ကို မြင်သောအခါ သူသည် သူ၏ အတွင်းစိတ် ထိတ်လန့်မှုကို နှိမ်နင်းရန်နှင့် မိမိကိုယ်ကို စိတ်တည်ငြိမ်စေရန် ကြိုးစားနေရသည်။

တဖြည်းဖြည်းနှင့် သူ၏မျက်လုံးများသည် အံ့အားသင့်မှုမှ အေးဆေး ငြိမ်သက်သွားသည်။  တစ်ချိန်တည်းမှာပင်, ဝတ္ထုထဲတွင် ဇွန်ဘီ ဖြစ်လာသူ မုယိဖန်သည် ကျန်းပေထျန်းကို သွေးအေးသော အကြည့်များဖြင့် ကြည့်ခဲ့သည်။ ထို့နောက် ရှန်းကော၏ မျက်လုံးကို စိုက်ကြည့်ကာ အေးဆေး တည်ငြိမ်မှုမှ မွန်းကျပ်ခြင်းသို့ ပြောင်းစေသည်။ ရှန်းကောသည် ထိုအကြည့်မှ အကူညီမဲ့စွာ တုန်လှုပ်နေသည်။

ယခုအခါ မုယိဖန်သည် အန္တရာယ် ကင်းနေသည်ဟု ခံစားနေရသည်။ ထိုမျက်လုံးတွေကို ဘယ်လိုရင်ဆိုင်နိုင်မလဲ။ သူသည် ယခင်က လူသိများခဲ့သော မုယိဖန်သို့ ပြန်လည် ပြောင်းလဲရမည်။  မဟုတ်ဘူး။ ယခင်က မုယိဖန်ထက် ယခု သူသည် သူတို့ကို တစ်စစီ ဖြိုဖျက်ရန် အဆင်သင့် ဖြစ်နေသည်ထက် ပို၍ ကြောက်စရာကောင်းသည်ဟု ပြောသင့်သည်။

သူ ဤသို့ ခံစားရသည့်အကြောင်းရင်းမှာ သူသည် မုယိဖန်ကို ဇွန်ဘီဖြစ်ပြီးနောက် မတွေ့ဖူးသောကြောင့် ဖြစ်သည်။

ကျန်းပေထျန်းသည် ခြေတစ်လှမ်း ရှေ့တိုးပြီး မုယိဖန်၏ မြင်ကွင်းကို ပိတ်ပင်လိုက်သည်။

မုယိဖန်၏ ရေခဲတမျှ အေးစက်သော အကြည်သည် ကျန်းပေထျန်းအပေါ် ဖျက်ခနဲ့ ဖြတ်သန်းသွားသည်။ သူ၏သရုပ်ဆောင်မှုသည်  ကျန်းပေထျန်းကို လှည့်စားနိုင်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်သည် အပေါ်သို့ တောင့်တင်းစွာတတ်သွားသည်။ သူက အသံကို တိုးညှင်းအောင် နှိမ့်​ပြီး ပြောလိုက်သည်။ " ကျန်းပေထျန်း, ​​မင်း သူ့ကို ဒီလို ကာကွယ်ပေးနေပုံနဲ့ ငါသူ့ကို မစားနိုင်မှာကို ငါကြောက်လိမ့်မယ်လို့ ထင်နေတာလား။"

သူ အဲဒီလို ပြောပြီးနောက်မှာ သူပါးကို သူကိုယ်တိုင်သာ ရိုက်လိုက်ချင်သည်။  အဆိုပါ စကားလုံးများသည် အမျိုးသားဇာတ်လိုက်၏ အမျက်ဒေါသ အပေါ် ဆီလောင်းလိုက်သလို ဖြစ်သွားသည်။ ဝတ္ထုထဲတွင် ဇွန်ဘီဘုရင် မုယိဖန်သည် အမျိုးသား ဇာတ်လိုက်၏ ရှေ့မှောက်မှာ လူနှစ်ယောက်၏ အလောင်းများကို စားပြခဲ့သည်။  ထိုသူများသည် အမျိုးသားဇာတ်လိုက်၏ သူငယ်ချင်းများ ဖြစ်သော ရှန်းကောနှင့် လုလင်းတို့သာ ဖြစ်သည်။

နံပါတ်ဝမ်း ဇွန်ဘီဇနီးလေး(myanmar translation)Onde histórias criam vida. Descubra agora