ဒါက ဘယ်လိုလုပ် ဖြစ်ပျက်လာတာလဲ?(ဒါက ဘယ္လိုလုပ္ ျဖစ္ပ်က္လာတာလဲ?)

3.7K 711 6
                                    

ဒါက ဘယ်လိုလုပ် ဖြစ်လာတာလဲ?

ဒါက ဘယ်လို ဖြစ်လာတာလဲ?

ယုံမှားသံသယဖြင့် မုယိဖန်သည်သူ၏လက်သည်းများကိုကြည့်နေသည်။ အရောင်က အရင် မီးခိုရောင်ထက် ပိုနက်လာခဲ့သည်။ အဲ့ဒါက သူလက်သည်း ဆိုးဆေး ဆိုးထား သကဲ့သို့ ဖြစ်နေသည်။ ၎င်းက အလွန် သိသာ ထင်ရှားသော်သောကြောင့် သူဖုံးချင်သည့် တိုင်အောင်ဖုံးကွယ်လို့မရပါချေ။

ပြီးခဲ့တဲ့ ဧပြီလနောက်ဆုံးရက် အနည်းငယ်အတွင်း မုယိဖန် ၏ ဇွန်ဘီအဖြစ် ပြောင်းလဲခြင်းနှုန်း အရှိန်သည် မြင့်တက်လာသည်ဟု သူကသူတိရသည်။ ဒီတော့ ဘာကြောင့်သူ စောစော ပြောင်းလဲသွားရတာလဲ?

အရာ အားလုံးက ဘယ်မှာ မှားနေခဲ့တာလဲ ?

မုယိဖန်က စဉ်းစား ချင့်ချိန်နေသည်။

ချင်ထျန်း ပုတီးစေ့ကြောင့်သူစောစော အသွင်ပြောင်းခြင်း စတင်ခဲ့သည် မဟုတ်လား?

အကယ်၍ ၎င်းသည် ချင်ထျန်းပုတီးစေ့ကြောင့် ဖြစ်လျှင် သူ၏ကိုယ်ခန္ဓာသည် အဘယ်ကြောင့် ဤမျှ ကြာကြာတုံ့ပြန်ရန်လိုသနည်း ?

မုယိဖန်သည် ရုတ်တရက် ကျန်းပေထျန်း သူအားပေးသော ရေခွက်ကိုစဉ်းစားမိသည်။ သူသောက်ပြီးနောက် သူ့ဝမ်းဗိုက်သည် ရုတ်တရက် နာကျင်ခဲ့သည်။ ရေထဲမှာ ဝမ်းနုတ်ဆေးတွေ မရှိဘူးဆိုရင် .. ဒါက ......ကျန်းပေထျန်းရဲ့ ကိုယ်ပိုင် ဒိုင်မန်းရှင်း (နေရာလွတ်) ကနေစမ်းရေမဟုတ်ဘူးလား?

သူသည် ထိတ်လန့်တုန်လှုပ်မှူကြောင့် သူ့မျက်စိ ကျယ်သွားခဲ့သည်။

သူ၏ ဇာတ်လမ်းအရ အဓိက ဇာတ်လိုက်၏ ကိုယ်ပိုင်နေရာလွတ်တွင် ဝိဉာဏ်စွမ်းအင်နှင့် ပြည့်စုံနေသောစမ်းရေများရှိပေသည်။ ၎င်းကို သုံးစွဲပြီးနောက် အညစ်အကြေးများကို အပေါက်များမှ ဖယ်ထုတ်ပြီးအဆိပ်များကို ခန္ဓာကိုယ်မှ ဖယ်ရှားနိုင်သည်။ ၎င်းသည် ခန္ဓာကိုယ်ကိုလုံး၀ ပြောင်းလဲသွားစေပြီး ပြန်လည် ကျန်းမာလာခြင်းနှင့်အတူ မွေးးဖွားလာသည့် ခန္ဓာကိုယ်ကို ဦး တည်စေသည်။

သို့သော် သူတွေ့ကြုံခဲ့သမျှမှာဝမ်းရောဂါသာ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် မည်သည့်အညစ်အကြေးမှ ထုတ်မပေးနိုင်ချေ။ ဖြစ်နိုင်တာက အဓိကဇာတ်လိုက်သည် ၎င်းကို အခြား ရေအမျိုးအစားနှင့် ရောနှောစေသောကြောင့် စမ်းရေကို သန့်ရှင်းမှု လျော့နည်းစေသည်။

နံပါတ်ဝမ်း ဇွန်ဘီဇနီးလေး(myanmar translation)Donde viven las historias. Descúbrelo ahora