Chap 13

3.8K 705 34
                                    

Zaw

သခင်လေးချင်နှင့်အတူ ဂေါ့ဖ်ကစားပြီး နောက်ပိုင်းတွင် ဘော့စ်၏ စိတ်အခြေအနေမှာအတော်လေး ကောင်းမွန်နေကြောင်း ချန်သိတစ်ယောက် သတိထားမိနေသည်။

ဤသည်ကား အခြေခံအားဖြင့် မကြုံစဖူး အံ့ဖွယ်ဖြစ်ရပ်တစ်ခုပင်။

အတိတ်မှာတုန်းကဆိုလျှင် သူ၏ဘော့စ်သည် ချမ်းသာသည့် ဒုတိယမျိုးဆက် ဆက်ခံသူများနှင့် တွေ့ဆုံရခြင်းများကို ကြိုက်နှစ်သက်ခြင်းမရှိသလို ပျော်ရွှင်ခဲ့ရသည်ဆိုတာမျိုးလည်း မရှိဖူးခဲ့ပေ။ သူက အမြဲ  စိတ်ပါလက်ပါဖြစ်စေရန် ကြိုးစားရုန်းကန်ခဲ့ပေမယ့်   အကျိုးသင့်အကြောင်းသင့်ပင် ရှင်းပြမရနိုင်လောက်အောင် ကျရှုံးခဲ့ပြီး မျက်နှာပျက်ခဲ့ရသည်သာ ဖြစ်သည်။ ဘော့စ်အတွက် မျက်နှာမပျက်စေရေးသည် အရေးကြီးဆုံးအရာဖြစ်သောကြောင့် အခါတိုင်းနီးပါး ထို ဒုတိယမျိုးဆက် ဆက်ခံသူများနှင့် တွေ့ဆုံခဲ့ပြီးတိုင်း နောက်ပိုင်းရက်များစွာတွင် သူ့စိတ်အခြေအနေသည် အုံ့မှိုင်းနေလိမ့်မည် ဖြစ်သည်။

သူတို့ ဂေါ့ဖ်ကစားရန် သွားခဲ့သည့်နေ့၌ ချန်သိသည် ရွှီနျန်ထံသို့ ငွေထပ်ပြီးလွှဲပေးရန် အမိန့်ပေးခြင်း ခံခဲ့ရသည်။ အခြေအနေများသည် ဤအတိုင်းဆက်သွားနေပါက ချန်းချန်တစ်ယောက် ဘဏ်တွေကိုတောင် လိုအပ်တော့မှာမဟုတ်ပေ။ ရွှီနျန်ကသာ သူ၏ ဘဏ်ဖြစ်လာပေလိမ့်မည်။

ဒုတိယသခင်လေး*ကတော့ သဘာဝကျစွာပဲ ယဉ်ကျေးသမှုထားမနေခဲ့ချေ။ ယခုဆိုလျှင် ထိုကောင်လေးက "ကျေးဇူးတင်ပါတယ်"ဆိုတာကိုတောင်  မပြောတော့ပါပေ။
သူက ထိုကောင်လေးကို 'ဒီပိုက်ဆံတွေကို ဘယ်လိုများ သုံးမှာလဲ' ဟု မေးသည့်အခါမျိုးတွင်ဆိုလျှင် ရွှီနျန်က အပြုံးလေးဖြင့် ပြန်ဖြေတတ်သည်။

"ကျွန်တော်က အဲ့ဒါတွေကို  ငွေကြေးဆိုင်ရာ စီမံခန့်ခွဲတဲ့နည်းလမ်းနဲ့ သုံးမှာ၊ အချိန်နည်းနည်းကြာပြီးရင် ကျွန်တော်တို့ သင့်တော်တဲ့ အဆောက်အဦးတစ်ခုများရှိမလား ရှာကြည့်မယ်၊ ပြီးရင် ကျွန်တော် အဲ့ဒီမှာ ရင်းနှီးမြှပ်နှံလိုက်မယ်လေ။

ချန်သိက သက်ပြင်းချသည် ။

".......မင်းကတော့ တကယ့်ကို စံပြပါပဲ"

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now