Chap 17

3.6K 672 26
                                    

Zaw

ထိုလူကြီးက 'ပိုက်ဆံဆက်ပေးနေဦးမှာလား၊ မပေးတော့ဘူးလား' ဆိုသည့် မေးခွန်းသည် အလွန်အလေးအနက်ထားရမည့် မေးခွန်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဤသို့ ဆိုရိုးတစ်ခုရှိသည်မဟုတ်ပါလား၊ 'ချွေတာစုဆောင်းသူအဖြစ်မှ လက်ဖွာဖြုန်းတီးသူ ဖြစ်လာရန် လွယ်ပေသော်လည်း လက်ဖွာဖြုန်းတီးသူအဖြစ် မှ ချွေတာတတ်သူဖြစ်လာရန်ကတော့ ခက်ခဲသည်'ဟု။
ရွှီနျန်သည် သူ၏ ဘဏ်အကောင့်ထဲတွင် အပ်နှံငွေ သိန်းဂဏန်းနှင့် ကျင့်သားရနေပြီဖြစ်သည်မို့ ထို့အရာက ရပ်တန့်သွားချိန်တွင် သူ့အတွက်  အနည်းငယ် စိတ်ဓာတ်ကျချင်စရာ ဖြစ်ခဲ့လေသည်။

သို့သော်လည်း ချန်းချန်အရှေ့တွင်တော့ သူ၏ စိတ်ဓာတ်ကျနေမှုအား မပြသနိုင်ပါချေ။

ယခုချိန်တွင် ချန်းချန်သည် သူ့အား ကြက်တစ်ကောင် က ဆန်ကို စိုက်ကြည့်နေသကဲ့သို့* စိုက်ကြည့်နေ၏။

ရွှီနျန်က ဘာပဲလုပ်နေသည်ဖြစ်စေ ထိုလူကြီး၏မျက်နှာထက်၌
'မြန်မြန်လေးလုပ်ပြီး ငါ့ကို စိတ်ကျေနပ်အောင်လာလုပ်ပေးပါဦး' ဟူသည့် အမူအရာအား ချိတ်ဆွဲထားလေသည်။

ဤသို့အခြေအနေက ရွှီနျန်မှာ ရေသောက်လျှင်တောင်မှ ရွေးစရာမရှိစွာပင် ထိုလူကြီးအား
" ခင်ဗျားရေနည်းနည်းလောက်သောက်ချင်လား"
ဟု မေးရသည့် အခြေအနေဆီသို့ပင် ဦးတည်နေတော့သည်။

ချန်းချန်ကတော့ စိတ်မပျက်ပေ။

"ငါသောက်ချင်တယ်"

ရွှီနျန်သည် သူ့အတွက် ရေယူပေးရန်မှလွဲ ရွေးစရာမရှိပေ။

နှစ်ယောက်သားသည် ရေအတူသောက်သည်၊ အတူတူစားသောက်ကြသည်။ ထို့ထက်ပိုသည်က သန့်စင်ခန်းသို့ပင် အတူသွားကာ ဘေးချင်းကပ်နေပေလိမ့်ဦးမည်ဖြစ်သည်။
သူတို့နှစ်ဦးမှာ အလွန်နီးကပ်နေသဖြင့် ရွှီနျန်က ချန်းချန်၏ ပိုင်ဆိုင်မှု* အား မနေနိုင်စွာပင် ခိုးကြည့်မိလေ၏။

ဘော့စ်ကြီးသည် မပျော်မရွှင်ဖြစ်သွားပုံရကာ ကြမ်းတမ်းစွာပင် ပြောလေသည်။

"မင်း ဘာကိုလာကြည့်နေတာလဲ၊ ဟိုမိုလေး?"

ရွှီနျန်က နာခံစွာပင် တစ်ကြိမ်မျှ ကြည့်မိခြင်းအား ရပ်တန့်လိုက်သည်။

Sewing Machine's Love Story (အပ်ချုပ်စက်ကြီး၏ ချစ်ပုံပြင်)Where stories live. Discover now