(1)

1.7K 155 63
                                    


(Unicode)

မနေ့ကမိုးအကြီးကျယ်ရွာထားတော့ အပြင်ပတ်ဝန်းကျင်က စိုထိုင်းထိုင်းဖြစ်နေတယ်။
ဒီလိုမနက်ခင်းမျိုးက ထဖို့ကို အတော်လေးလံစေတယ်။
ဒါပေမဲ့လည်း ကျွန်တော်အားယူပြီး ကုန်းရုန်းထလိုက်တယ်။
ရေချိုးဘာချိုး ကျောင်းUniform လဲပြီးတာနဲ့ မီးဖိုချောင်ခန်းထဲဝင်တော့ စားပွဲဝိုင်းမှာ အန်တီလေးက ထိုင်နှင့်နေပြီး။
ကျွန်တော့်ကိုမြင်တော့ သူက မနက်စာစားဖို့ခေါ်တယ်။
မနက်စာကတော့ ပေါင်မုန့်ကြမ်းရယ် ကော်ဖီတစ်ခွက်ရယ်ပါပဲ။

"သားJimin တပတ်ခါ ပိတ်ရက်ကျရင် သွားစရာရှိလား"

ကော်ဖီသောက်နေတုန်း အန်တီလေးကကျွန်တော့်ကိုမေးတယ်။

ကျွန်တော်ခေါင်းခါပြပြီးတော့
"မရှိဘူးအန်တီလေး ဘာဖြစ်လို့လဲ"

"သားပါပါးရဲ့ အုတ်ဂူဆီသွားကြမယ်လေ အန်တီလေးတို့ မသွားဖြစ်တာ ကြာပြီးမလား"

ပါပါးက ကျွန်တော် ဆယ့်သုံးနှစ်သားအရွယ်မှာAccident ကြောင့်ဆုံးသွားတာ။
အမေရင်းကလည်း ကျွန်တော့်ကိုမွေးပြီးကတည်းက ဆုံးသွားတာ။
အခု အန်တီလေးလို့ခေါ်ခေါ်နေတဲ့လူက တစ်နည်းပြောရရင် ကျွန်တော့်မိထွေးပေါ့။
မိထွေးပေမယ့် သူက ကျွန်တော့်အပေါ်ကောင်းရှာတယ်။
အမေရင်းတစ်ယောက်လိုပဲ။

_____________________________________________

အန်တီလေးနဲ့စကားပြော စားပြီးသောက်ပြီးတာနဲ့ ကျွန်တော် ကားမှတ်တိုင်ကိုထွက်လာလိုက်တယ်။
ပြောရရင်ကျွန်တော်တို့အိမ်က Seoulမြို့အပြင်ဘက်ကိုနည်းနည်းရောက်တယ်။မြို့မကျတောမကျပေါ့ဗျာ။
ကားမှတ်တိုင်ကိုသွားဖို့လည်း နည်းနည်းတော့လမ်းလျှောက်ရတယ်။
ကားမှတ်တိုင်ရောက်ခါနီးမှ တစ်ခုသွားသတိရတယ်။ကျွန်တော်ထီးမေ့ခဲ့တာပဲ။

သတိရတာနဲ့ ချက်ချင်း ကျွန်တော်အိမ်ဘက်ပြေးပြန်လိုက်တယ်။အိမ်ရောက်တော့ အိမ်သော့ကိုကျောပိုးအိတ်ထဲက နှိုက်ယူရပြန်ရော။

အန်တီလေးလည်းအလုပ်သွားပြီးဆိုတော့ သော့ကတစ်ယောက်တစ်ချောင်းကိုယ်စီယူထားတယ်။
အန်တီလေးက အိမ်နဲ့မနီးမဝေးက ပေါင်မုန့်စက်ရုံတစ်ခုမှာ အလုပ်လုပ်တယ်။
ညနေပိုင်းအလုပ်ဆင်းရင်လည်းအိမ်တန်းမပြန်လာဘူး။
အသိမိတ်ဆွေတွေအိမ်မှာ အဝတ်လိုက်လျှော်ပြီး ပိုက်ဆံရှာတာ။အဲ့ကရတဲ့ပိုက်ဆံနဲ့ပဲ ကျွန်တော့်ကိုကျောင်းထားပေးရှာတာ။

The Guy[M.Y.G x P.J.M]Where stories live. Discover now