(Unicode)
ဒီလိုနဲ့ ကျွန်တော်နဲ့အစ်ကိုရဲ့ဆက်ဆံရေးဟာ အရင်ရက်တွေလို ပုံမှန်ပါပဲ။
မနေ့က အနမ်းအကြောင်းကို သူလည်းဘာမှမပြောသလို ကျွန်တော်ကလည်း အလိုက်တသိနဲ့ ဘာမှမမေးဖြစ်ခဲ့ပါ။
ပြောရရင် အစ်ကိုနဲ့ကျွန်တော့်ကြားက ဆက်ဆံရေးကို ကျွန်တော်အားမရ။
တစ်ခုခုတော့ တစ်ခုခုပဲ။နိုးကတည်းက အတွေးနယ်ချဲ့နေတာက နာရီဝက်ပင်ကြာနေပြီး။
မိုးလင်းကတည်းကလည်း အစ်ကို့ကိုမတွေ့ဖြစ်ပါဘူး။
သူကတော့အလုပ်သွားပြီးလေ ထုံးစံအတိုင်းပဲပေါ့။အမှန်တကယ် အစ်ကိုနဲ့ကျွန်တော်ဟာ အတူတူနေသည်သာဆိုတယ်။
တွေ့ရတဲ့အချိန်က ခပ်နည်းနည်းရယ်ပါ။
ဖြစ်နိုင်ရင် အစ်ကို့အလုပ်အကြောင်းကို ကျွန်တော်လိုတာထက် ပိုစပ်စုချင်မိသည်။
ဒါကို အစ်ကိုကတော့ကြိုက်မယ် မထင်။ဥာဏ်နီဉာဏ်နက်များတဲ့ ကျွန်တော်ဟာ နှုတ်ခမ်းတို့တွန့်ချိုးရုံမျှ ပြုံးလိုက်ရင်း Phone Number တစ်ခုကို နှိပ်လိုက်သည်။
တစ်ဖက်ကိုဖုန်းဝင်တော့"အစ်ကိုလား"
"........."
"အစ်ကိုနားထောင်နေတယ်မလားဟင်"
"........."
"ကျွန်တော်နေမကောင်းလို့ပါ" ဆိုတဲ့ကျွန်တော့်စကားအဆုံးတစ်ဖက်မှ ချက်ချင်းဖုန်းချသွားတယ်။
အစ်ကိုမကြာခင်ပြန်ရောက်လာတော့မှာ အလိုလိုသိနေတာမို့ Jimin ကြိတ်ရယ်နေမိတယ်။
တခါတလေလည်း Park Jiminဟာ ဒီလိုမျိုး မဆိုစလောက်လေး ဥာဏ်များတတ်ပါသေးတယ်။
ပြီးတော့ အလျင်အမြန်ရထားတွဲထဲဝင်ကာ အိပ်ယာပေါ်တက်ရင်း စောင်ကိုကွေးကွေးလေးခြုံကာအိပ်နေလိုက်သည်။နာရီဝက်လောက်ကြာတော့ တံခါးဖွင့်သံကြားတာမို့ Jimin အိပ်ယာကနေထထိုင်ကာ
"အစ်ကိုပြန်လာပြီးလား"
သူမေးတာကိုမဖြေပဲ အစ်ကိုကချက်ချင်းသူ့ဆီလျှောက်လာကာ နဖူးကိုစမ်းသည်။
နောက်မျက်မှောင်တစ်ချက်ကြုံ့သည်။
ကိုယ်ကပူမှမပူနေပဲ။Jimin လည်း Yoongi ကိုကြည့်ကာ
"hee ဒီတိုင်းအစ်ကို့ကိုတွေ့ချင်လို့ပါ"