(Unicode)အိမ်ပြောင်းဖို့ ပစ္စည်းတွေသိမ်းဆည်းနေရတာကြောင့် ကျွန်တော်တို့ အဖေ့အုတ်ဂူဆီမသွားဖြစ်ကြဘူး။
ပြောရရင် ကျွန်တော်အန်တီလေးကိုအနည်းငယ်တော့ စိတ်ဆိုးမိတယ်။အမှန်တကယ် အိမ်ပြောင်းမည်ဆိုသည်မှာလည်း ဟိုလူကြီးအိမ်။
တရားရုံးမှာတောင်လက်မှတ်မထိုးရသေးပဲ အိမ်ရွှေ့တာကြီးက မြန်မနေဘူးလားပေါ့။
ဒါပေမဲ့လည်း အန်တီလေးစိတ်ဆင်းရဲမှာစိုးလို့ကျွန်တော်ဘာမှမပြောဖြစ်လိုက်ဘူး။အကုန်လုံးနီးပါး သိမ်းဆည်းပြီးတော့ ကျွန်တော် တစ်ခုသတိရသွားတာက ဟိုထူးဆန်းတဲ့လူ။
ဘာပဲဖြစ်ဖြစ် သွားနှုတ်ဆက်လိုက်ရင်ကောင်းမယ်ဆိုတဲ့အတွေးနဲ့ ကျွန်တော်ထွက်လာခဲ့တယ်။သွားရင်းနဲ့မှ ရထားသံလမ်းကိုရောက်တော့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ဒီနေရာမှာ ဘာလို့သူလာနေ,နေလဲဆိုတာကို ကျွန်တော်တွေးမရဘူး။ဘေးပတ်ပတ်လည်ကလည်း တိတ်ဆိတ်ပြီး ခြောက်ကပ်နေသလားမပြောနဲ့။ကျွန်တော် တော့ဖြင့် တစ်ယောက်တည်း မနေရဲပါဘူး။
နောက်ရထားတွဲထဲဝင်လိုက်တော့ ဘယ်သူမှ ရှိမနေ။အဲ့အစား အိပ်ယာဘေးမှာ ဘီယာဘူးခွံတစ်ချို့တွေ့တယ်။နှစ်ဘူး သုံးဘူးလောက်ပေါ့။
ညနေလောက်ဆို သွားရပြီးမို့လို့ လာနှုတ်ဆက်ပေမယ့်လည်း ဘာအရိပ်အယောင်မှမတွေ့တာကြောင့် Jimin နည်းနည်းတော့ စိတ်ညစ်သွားတာအမှန်။
တကယ်ပါပဲ နာမည်တောင်မသိတဲ့လူတစ်ယောက်ကို နှုတ်ဆက်ဖို့လာမိရတယ်လို့။
နာရီဝက်လောက်ထပ်စောင့်နေပေမယ့် သူ့အားလုံးဝမတွေ့ရ။မထူးတော့ဘူးဟုဆိုကာ
လေးလေးလံလံနဲ့ပဲ ထပြန်လာခဲ့လိုက်တယ်။စိတ်ထဲကနေပဲနှုတ်ဆက်လိုက်တယ် ခင်များရေ။
__________________________________________
အိမ်ထဲပြန်ဝင်လာတော့ ဟိုလူကြီးကရောက်နှင့်လေပြီး။ အန်တီလေးနဲ့စကားပြောနေတုန်း ကျွန်တော့်ကိုတွေ့တော့
"အော် Jimin လာထိုင်လေ"
ကျွန်တော်ဝင်ထိုင်တော့ သူကကျွန်တော်ကို စူးစူးရဲရဲကြည့်တယ်။ခေါင်းအစခြေအဆုံးကြည့်တာ။