(Unicode)
အဲ့လူကျွန်တော့်ကို စိုက်ကြည့်နေတုန်းမှာပဲ အနောက်နေကနေ လိုက်လာတဲ့ ဟိုလူကြီးရဲ့အသံကိုကြားလာတယ်။
ဘာမှတွေးမနေတော့ပဲ အရှေ့ကသူ့ကို တွန်းထုတ်ပြီးတော့ ချက်ချင်းရထားတွဲထဲဝင်ပြီး တံခါးကို lockချပစ်လိုက်တယ်။
ပြီးတော့ ကျွန်တော်ဒူးထောက်ထိုင်ချမိလိုက်တယ်။ကျွန်တော့်မှာအားကမရှိတော့ဘူး။
ကြောက်တာရော မောတာရော ရောယှက်နေတော့ ကျွန်တော့်အသက်ရှုသံတွေက အတော်လေး ပြင်းနေတယ်။အရှေ့ဘက်ကိုကြည့်လိုက်တော့ ဟိုလူစိမ်းက အေးအေးလူလူ ထိုင်နေတယ်။
"သောက်ကလေး တံခါးဖွင့်စမ်း မင်းအူကလီစာတွေထုတ်ပြီး ရောင်းစားပစ်မှာကွ အခုထွက်လာခဲ့စမ်း"
ကျွန်တော်နည်းနည်းပိုကြောက်လာတယ်။
ပြီးတော့ အရှေ့ကလူစိမ်းကို အသံမထွက်ဖို့ နှုတ်ခမ်းပေါ်လက်ညှိုးကိုတင်ပြီး အမူအရာလုပ်ပြနေတယ်။ကျွန်တော့်လက်တွေကလည်းတုန်နေတယ်။လူစိမ်းက ကျွန်တော့်ကိုကြည့်ပြီး ထလိုက်တယ်။
ကျွန်တော်မျက်လုံးပြူးသွားတယ်။တံခါးသွားဖွင့်ဖို့များလားလို့ တွေးရင်း ကြောက်စိတ်ကပို,ပိုဝင်လာတယ်။လူစိမ်းက တစ်ဖြည်းဖြည်းတံခါးနားကို လျှောက်သွားတယ်။နောက်ဆုံးတော့ ကျွန်တော်ထင်တဲ့အတိုင်းပဲ သူတံခါးကိုဖွင့်လိုက်တယ်။
သွားပြီး ကျွန်တော်တော့ လွတ်လမ်းမရှိတော့ဘူး။
ကျွန်တော်မျက်စိကို မှိတ်ချပစ်လိုက်တယ်။ရုတ်တရက် မြေကြီးပေါ် ထုထည်များတဲ့အရာတစ်ခုပြုတ်ကျလာတာကို ခံစားမိလိုက်တယ်။
မျက်လုံးအစုံကိုဖွင့်ကြည့်လိုက်တော့ ကျွန်တော့်ခြေထောက်နားကိုစီးလာတဲ့ သွေးတွေ။သွေးစီးချောင်းအတိုင်း ကြည့်လိုက်တော့
ဟိုလူကြီး, ကျွန်တော့်ကိုလိုက်ဖမ်းတဲ့လူ အဲ့လူက မြေကြီးပေါ်မျက်လုံးကြီးပြူးပြီးလဲကျနေတယ်။
သူ့နားပတ်ပတ်လည်မှာလည်း သွေးတွေအိုင်နေပါရော။ဒါပေမဲ့ အဲ့လူက ဆန့်ငင်ဆန့်ငင်ဖြစ်နေသေးတယ်။နောက်သူ့ပါးစပ်ကနေ တစ်ခုခုပြောဖို့ကြိုးစားနေတယ်။