(7)

654 123 83
                                    


(Unicode)

ဒီလိုနဲ့ Yoongi နဲ့ Jimin အတူနေတာက တစ်လနီးပါးလောက်ကိုရှိလာပြီး။
Jimin အနေနဲ့ Yoongiက ဂိုဏ်းတစ်ခုမှာ ကြေးစားအဖြစ်လုပ်တယ်ဆိုတာကလွဲရင် ဘာမှမသိရဘူး။
ဒါပေမဲ့ Yoongiရဲ့အတိတ်ကတော့ ဆိုးဝါးခဲ့ပုံရတယ်လို့ Jiminတွေးနေပုံရတယ်။

အမှန်တကယ်တော့ အစ်ကိုဟာည,ညဆို တစ်ကိုယ်လုံးချွေးတွေပြန်ရင်းလန့်,လန့်နိုးလာတတ်တယ်။
လန့်နိုးလာတိုင်း ကျွန်တော် အစ်ကို့ကိုဖက်ထားပေးရင်း ပုခုံးကိုပုတ်ပေးလေ့ရှိတယ်။
အစ်ကိုကလည်းငြိမ်ငြိမ်လေးနေ,နေတတ်တယ်။
ဘာတွေကများ အစ်ကို့ကို ဒီလိုဖြစ်စေလဲဆိုတာ
သိချင်မိတယ်။
အစ်ကိုတစ်ယောက်တည်း နေတုန်းကရော ဒီလိုမျိုးပဲ ဖြတ်သန်းခဲ့ရတာများလား။

____________________________

ဒီနေ့တော့အစ်ကိုဟာ ခါတိုင်းပြန်လာနေကျအချိန်လွန်နေတာတောင် ပြန်ရောက်မလာသေးဘူး။
ပုံမှန်ဆို ငါးနာရီပြန်လာနေကျ ဖြစ်ပေမယ့် အခုကခြောက်နာရီတောင်ကျော်နေပြီးလေ။

အစ်ကို့ပြန်အလာကို ခုံမှာထိုင်စောင့်နေရင်းနဲ့မှ အိပ်ယာခြေရင်းမှာ တစ်ခုခုပြုတ်ကျနေတာကိုတွေ့လိုက်တယ်။ခြေရင်းနားသွားပြီး ကြည့်လိုက်တော့ ဆေးဘူးအဖြူလေး။
နောက်ဆေးနာမည်ကိုသေချာကြည့်လိုက်တယ်။

"အစ်ကို အိပ်ဆေးတွေသောက်နေတာလား"

_______________________________

အချိန်အားဖြင့် ည၈နာရီခွဲတောင်ရှိပြီး။
အိပ်ယာပေါ်မှောက်ရက်အိပ်နေရင်းမှ တံခါးဖွင့်သံကြားတော့ ချက်ချင်းထပြီး

"အစ်ကို..အာ့..."

ကျွန်တော့်မျက်နှာဟာ တစ်ခုခုနဲ့ပစ်ပေါက်ခြင်းကိုခံလိုက်ရတယ်။
အောက်ကိုငုံ့ကြည့်လိုက်တော့ ဘီယာဘူးခွံ။

ပြီးတော့အစ်ကို့ကို ကြည့်လိုက်တယ်။
အစ်ကို့မျက်လုံးတွေက နီရဲနေသလို မူးနေတဲ့အရှိန်ကြောင့် မျက်နှာတစ်ခုလုံးဟာလည်း နီရဲနေတယ်။

အစ်ကိုဟာ ယိုင်နဲ့နဲ့ ,နဲ့ ကျွန်တော့်ဆီကိုလျှောက်လာတယ်။နောက်တော့ သူ့ဘောင်းဘီအိတ်ထဲကနေ ဓားအသေးလေးတစ်လတ်ကို ထုတ်လိုက်ရော။

The Guy[M.Y.G x P.J.M]Where stories live. Discover now