(6)

622 118 62
                                    

(Unicode)

ကျွန်တော် အိပ်ယာပေါ်မှာ ထိုင်နေတုန်း ရထားတွဲတံခါးက ပွင့်လာတယ်။သူပြန်လာတာပဲ။
အချိန်အားဖြင့်ဆို ည၆နာရီပေါ့။
နောက်သူကကျွန်တော့်ရှေ့ကိုအထုပ်တစ်ထုပ် ထိုးပေးတယ်။
သေချာကြည့်မှ ထမင်းဘူးလေးပဲ။

သူက ကျွန်တော့်ကိုထမင်းဘူးပေးပြီးတာနဲ့ အိပ်ယာနဲ့ခပ်လှမ်းလှမ်းက ခုံမှာဝင်ထိုင်တယ်။
ကျွန်တော် ထမင်းဘူးကိုချပြီး ထိုင်နေရာကနေထလိုက်တယ်။ပြီးတော့ သူ့ရှေ့တည့်တည့်သွားပြီး

"ကျွန်တော် တောင်းပန်ပါတယ် ခင်များစကားမပြောနိုင်တာကို မသိလို့ပါ"

ကျွန်တော်ပြောနေပေမယ့် သူကလေ ကျွန်တော့်ကိုကြည့်တောင်မကြည့်လာဘူး။
သူ့ရဲ့ ဘယ်ဘက်လက်ဖဝါးကိုပဲ စိုက်ကြည့်နေတာ။

သူ့လက်ဖဝါးကိုကြည့်လိုက်တော့လည်းဟိုတစ်ခါလိုပဲ ရှရာလေး။
ကျွန်တော်တစ်ခုခုကို စဥ်းစားမိတာနဲ့ ဘောင်းဘီအိတ်ကို ကျွန်တော်စမ်းလိုက်တယ်။
ဟုတ်သား ပလာစတာရှိနေတာပဲ။

နောက်သူ့ဘယ်ဘက်လက်ကို ချက်ချင်းဆွဲပြီး ပလာစတာကို အသာလေးကပ်ပေးလိုက်တော့ သူကငြိမ်နေတယ်။

ပလာစတာကပ်ပေးပြီး သူ့လက်ကိုလွှတ်လိုက်ပေမယ့် သူ့ကကျွန်တော့်လက်ကိုပြန်ဆွဲထားတယ်။
ပြီးတော့ သူ့ညာဘက်လက်နဲ့ ကျွန်တော့်လက်ချောင်းတွေကို တစ်ချောင်းချင်းစီ ကိုင်လိုက် လက်ဖမိုးကို ညစ်လိုက်နဲ့လုပ်နေတယ်။

"အာ့ နာ.....နာတယ်ဗျ"

ကျွန်တော်ပြောလိုက်တော့သူချက်ချင်းငြိမ်သွားပြန်တယ်။ပြီးတော့ ကျွန်တော့်လက်ဖမိုးကို ဖွဖွလေး ပွတ်ပေးနေတယ်။
ဒီလူတကယ်ပါပဲ ဘာတွေလုပ်နေတာလဲ။

ချက်ချင်း ကိုယ့်လက်ကိုယ်ပြန်ဆွဲယူလိုက်ပြီး
"ကျွန်တော် ထမင်းစားလိုက်ဦးမယ်"

______________________________________

အခုကနည်းနည်းတော့ ညဥ့်နက်နေပြီး။၈နာရီခွဲလောက်ပေါ့။နဂိုကတည်းက တိတ်ဆိတ်တဲ့နေရာမို့ ညဆိုတော့ပိုတောင် တိတ်ဆိတ်သေးတယ်။

ခုံပေါ်ထိုင်နေရာကနေ သူကရုတ်တရက် အပြင်ထွက်ဖို့ပြင်တော့ အလျင်အမြန်ပဲ သူ့အင်္ကျီစကို လှမ်းဆွဲလိုက်တယ်။

The Guy[M.Y.G x P.J.M]Where stories live. Discover now