(Unicode)
ဒီနေ့တော့ ကျွန်တော်ကျောင်းမှာ အိပ်ငိုက်နေတယ်။
ပြောရရင်မနေ့ညက အတွေးလွန်နေတာ။
ခုတလော အန်တီလေးက ည,ညဆို တစ်ယောက်ယောက်နဲ့ ဝရံတာဘက်မှာ ဖုန်းပြော,ပြောနေတတ်တယ်။
သူသဘောကျတဲ့ လူသာရှိရင် ကျွန်တော်လက်ခံနိုင်ပေမယ့် အန်တီလေးနဲ့ ကျွန်တော်နဲ့ကြား ဝေးသွားမှာလည်းစိတ်ပူတယ်။
ခုလက်ရှိလေးက အေးချမ်းနေတာပဲမလား။ပြီးတော့ အန်တီလေးအကြောင်းအပြင် ဟိုရထားသံလမ်းမှာတွေ့ခဲ့တဲ့ လူအကြောင်းလည်းတွေးဖြစ်တယ်။တစ်ရက်လောက်တော့ သွားစပ်စုဦးမယ်လို့ ကျွန်တော်စဥ်းစားလိုက်မိသေးတယ်။
"Park Jimin! "
တွေးနေတုန်းမှာပဲ ကျွန်တော့်နာမည်ကိုအော်ခေါ်နေတဲ့ ဆရာ့အသံစူးစူးကြောင့် လန့်တောင်လန့်သွားရတယ်။
"ဟုတ်ကဲ့ဆရာ"
"မင်းစာအုပ်ကြေးမသွင်းရသေးဘူးနော် "
"ကျွန်တော့်အန်တီလေးကို ပြောပြီး ပေးပါ့မယ်ဆရာ ခဏတော့စောင့်ပေးပါ"
"အေးအေး မင်းဟာက ကြာလှပြီး"
"ဟုတ်ကဲ့ကျွန်တော် အန်တီလေးဆီမှာ တောင်းကြည့်ပါ့မယ်"
__________________________________________
ကျောင်းဆင်းတော့ ကားမှတ်တိုင်မှာ ကျွန်တော်ကားစောင့်နေမိတယ်။
ဘေးဘက်ကိုတချက်ကြည့်လိုက်တော့ ဟိုလူ ဆံပင်အစိမ်းရောင်နဲ့လူ သူလည်း ကားစောင့်နေပုံရတယ်။ ဒီတစ်ခါတော့ သူကျွန်တော့်ကိုမတွေ့ဘူး။နောက်ကားရောက်လာတော့ သူကားပေါ်တက်သွားတယ်။
ကျွန်တော်လည်း ကျွန်တော်စီးရမယ့်ကားမို့လို့တက်သွားပေမယ့် ထိုင်ခုံကတစ်နေရာမှမလွတ်တော့ဘူး။
နောက်မှတစ်နေရာလွတ်တာနဲ့ ဝင်ထိုင်မယ်ကြံတုန်း ဘေးခုံမှာ ထိုင်နေတာက ဟိုဆံပင်အစိမ်းရောင်နဲ့လူဖြစ်နေတယ်။ကျွန်တော်လည်းကြောက်ကြောက်နဲ့ မထိုင်ပဲ ဘေးနားမှာပဲ မတ်တပ်ရပ်ပြီး အပေါ်လက်တန်းကို ကိုင်ထားလိုက်တယ်။
သူကတော့ ကျွန်တော့်ကိုသတိထားမိပုံမရဘူး။ဆယ့်ငါးမိနစ်လောက်ကြာတော့ လူကတော်တော်ညောင်းအီလာပြီး။
နောက်ရုပ်တရက် ကားဘရိတ်အုပ်လိုက်တဲ့အချိန် လက်ကိုင်လည်းသေချာမကိုင်ထားမိတော့ လွတ်နေတဲ့ခုံပေါ် ထိုင်ရက်သားပြုတ်ကျသွားရော။