(Unicode)အဲ့လူက တံခါးအပြင်ကနေ ကျွန်တော့်ကို စိုက်ကြည့်နေတယ်။
သူ ကျွန်တော့်ဆီ ခြေတစ်လှမ်း လှမ်းလာတယ်။
နောက်ထပ်တစ်လှမ်း သူထပ်လှမ်းတယ်။
သူခြေလှမ်း,လှမ်းလေ ကျွန်တော်နဲ့နီးလာလေလေ။
နောက်ဆုံးသူ့ခြေလှမ်းတွေရပ်သွားသလို သူနဲ့ကျွန်တော်နဲ့ အတော်လေးနီးကပ်နေပြီးဖြစ်တယ်။ကျွန်တော်ကြောက်လို့ သူ့ကိုတည့်တည့်မကြည့်ဘူး။ခေါင်းကိုအောက်စိုက်ထားလိုက်တယ်။
လက်သီးကိုလည်းဆုပ်ထားမိတယ်။ဒါပေမဲ့........။
သူ ကျွန်တော့် ဘေးကနေ ကျော်ပြီး ဖြတ်လျှောက်သွားတယ်။
အဲ့အချိန်ကျမှ ရင်ဘတ်ထဲက တင်းထားတဲ့စိတ်တွေ လျော့သွားသလိုလို။
သို့ပေမယ့် ကျွန်တော်တစ်ခုခုကိုတော့ အလိုမကျပြန်ဘူး။ချက်ချင်းထိုလူဘက်လှည့်လိုက်ပြီး
"ဟေ့လူ"ကျွန်တော်ခေါ်လိုက်တော့ချက်ချင်းရုပ်တည်ကြီးနဲ့ပြန်လှည့်ကြည့်လာတယ်။
Park Jimin တို့မကြောက်ဘူးလို့ပြောရင် နည်းနည်းတော့လိမ်ရာကျသွားမလား။"ခင်.....ခင်များ ကျွန်တော့်ကိုစိတ်မတိုဘူးလား"
ကျွန်တော်ပြောလိုက်တော့ သူကစဥ်းစားသလိုလိုပုံစံနဲ့ရပ်နေပြန်တယ်။နောက်တစ်လှမ်းချင်း ထပ်လျှောက်လာပြန်တယ်။
သေရော ဒီတစ်ခါတကယ်တစ်ခုခုလုပ်မလို့များလား။ကျွန်တော့်နားကိုရောက်တော့ သူ့လက်တစ်ဖက်ကအရှေ့တိုးလာပြီး အပေါ်ကိုမြှောက်လိုက်တယ်။
ကျွန်တော်ကြောက်တာကြောင့် မျက်စိကိုမှိတ်ချလိုက်တယ်။
တကယ်ပဲ သေရတော့မှာလား။မျက်စိမှိတ်နေတဲ့အခိုက်အတန့်မှာ
ရုပ်တရက် လေးလံတဲ့အရာတစ်ခု ခေါင်းပေါ်ကိုကျလာတာ ခံစားလိုက်ရတယ်။
မျက်စိဖွင့်လိုက်တော့ အဲ့လူဘာလုပ်နေလဲသိလား။
ကျွန်တော့်ရဲ့ ပန်းရောင်ဆံပင်ဖျော့ဖျော့လေးကို သူ့လက်နဲ့အားရပါးရ ဆွဲဖွနေတာဗျ။"ကျွန်တော့်ဆံပင်အရောင်ကို သဘောကျရင် ခင်များအစိမ်းကနေ ပန်းရောင်ပြောင်းဆိုးလေ"
ကျွန်တော်ပြောလိုက်တော့ ဆံပင်ကိုဖွနေတဲ့ သူ့လက်ကို သူပြန်ရုတ်လိုက်တယ်။
ပြီးတော့ သူ့အပေါ်ကုတ်ရဲ့အိတ်ကပ်ထဲကနေ တစ်ခုခုထုတ်နေတယ်။
ဘာလဲ သေနတ်လား ဓားလား။