" မြတ်နိုးမိသည်မှ အပ" အပိုင်း ~~~ 16

936 70 0
                                    

" မြတ်နိုးမိသည်မှ အပ"

အပိုင်း ~~~  16

ခေါက်ဆွဲစားပြီးလို့ ကိုယ်စီအခန်းထဲဝင်ခဲ့ပေမရ့် ကိုယ်အိပ်မပျော်ခဲ့ဘူး .....ဝင်လာတဲ့ စိတ်ရိုင်းတွေကို ဘယ်လိုနည်းနဲ့ သုတ်သင်ရမလည်း ......ကိုယ်ဟာ ထိုအမျိုးသမီးကိုသေချာပေါက် လက်မလွှတ်နိုင်ဘူး ....
အချစ်နဲ့ စစ်မှာ မတရားတာမရှိပေမရ့် .....ရိုးသားစွာ ထိုအမျိုးသမီးကို အနိုင်ယူချင်တာကိုတော့ ဝန်ခံပါရစေလား ....
~~~~~~~~~~~~~~~~~~~~~~~~~~~~

" အားးးးးးး ... "

ဟိုဘက်အခန်းကအော်သံကြားလို့ ကျွန်မ လန့်နိုးလာခဲ့တရ်...
ဟို ချာတိတ် အိမ်မက်ဆိုးတွေ မက်နေတာလားမသိဘူး .. စိုးရိမ်စိတ်နဲ့အတူ ချာတိတ်အခန်းထဲကို အပြေးလေး သွားကြည့်လိုက်တော့ .. တကိုယ်လုံးချွေးတွေ ရွှဲနေပြီး ကြောက်လန့်တကြားနဲ့ ကုတင်ပေါ်မှာ ထိုင်နေတဲ့ ချာတိတ် .....
ကျွန်မ သူရဲ့ ဒီလိုကူရာမဲ့ သွေးပျက်ချောက်ခြားပုံကို မမြင်ခဲ့ဘူးတော့ ...

" ချာတိတ် .. အဆင်ပြေရဲ့လား ... ရေသောက်လိုက်ဦးရော့ ... "

" မ... ကိုယ်အိမ်မက်ပြီး လန့်အော်လိုက်လို့ နိုးသွားတာလား ... sorry ပါ ... ကိုယ်က လတိုင်းလတိုင်းမှာ ဒီရက်ဆိုရင် အမြဲတမ်းမက်နေလို့ ကိုယ့်အတွက်ကတော့ မထူးဆန်းတော့ပါဘူး ..
" မ " ပြန်အိပ်တော့လေ ... ကိုယ်အဆင်ပြေပါတရ်..."

" ရရဲ့လား ချာတိတ်ရဲ့ ... ဘာတွေကိုမက်လို့ ဒီလောက်သွေးပျက်နေရတာလည်း ... "

" ကောင်မလေးတယောက် ... ကားတိုက်သွားတဲ့ အိမ်မက် ..အဲ့ဒီကောင်မလေးမှာ မျက်ခွံပေါ်က မှဲ့ရှိတရ် ... နောက်ပြီးသူက " မ" နဲ့ တော်တော်တူတရ် ... "

" ဟင် !!! ... အဲ့ဒါ ဘာလို့မက်တာလည်း ..
"
ကျွန်မ ပျက်သွားတဲ့ မျက်နှာကို ပြင်ရင်းမေးလိုက်မိတရ်...

" မသိပါဘူး " မ" ရယ် အဖောင်းပြောတော့ အဲ့ဒီမြင်ကွင်းကို မြင်ပြီး လီဆာ ဘဝမှာ အရူးတပိုင်းလို့ဖြစ်ခဲ့လို့ ခုဘဝထိ စိတ်ထဲစွဲနေတာလို့ ပြောတာပဲ ..." မ " သွားအိပ့်တော့လေ .. ကိုယ်အဆင်ပြေပါတရ်... "

" Omm ချာတိတ်လည်း ပြန်အိပ်လိုက်ဦး ... မိုးတောင်မလင်းသေးဘူး ... "

မြတ်နိုးမိသည်မှ   အပWhere stories live. Discover now