" မြတ်နိုးမိသည်မှ အပ " အပိုင်း ~~~ ၁၀

973 70 2
                                    

" မြတ်နိုးမိသည်မှ   အပ "

အပိုင်း ~~~  ၁၀

နေရောင်ခြည်က မျက်နာကို ကျရောက်တော့မှ ကျွန်မ နိုးလာခဲ့တရ် ...
ညက ကျွန်မ  Soo အလာကိုစောင့်ရင်း အိပ်ပျော်သွားတာကို ...*

" မေ့ ... Soo လာရင် နိူးပါဆိုတာကို .. "

" သမီးလေးက နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတာကို ... သူလည်း ခနပဲနေပြီးပြန်သွားတရ်လေ .... "

" သမီး .. ဆေးရုံပေါ်ရောက်တာ ဘယ်လောက်ကြာပြီလည်း .. မေ့ ... "

" တလခွဲလေ ... မနေ့ကမှ သမီးက သတိပြန်ရတာ ... "

" ဟင် ..... !!!!
သမီး အကြာကြီး သတိမေ့နေတာလား ... "

" ခုကော .. ဘယ်နားက နာသေးလည်း ...နေလို့ကော အဆင်ပြေရဲ့လား .. "

" သမီးဆေးရုံကနေ ဆင်းချင်တရ်မေ့ ... "

" သမီးသက်သာရင် ဆင်းရမှာပေါ့ .. သမီး ယ် .... "

" သမီးကို ဆေးရုံဘယ်သူပို့ပေးတာလည်း မေ့ .... "

" သမီးတို့ ကျောင်းကလို့တော့ပြောတရ်... ပြီးတော့သူကပဲ သမီးကို..သူ့နှလုံးနဲ့ အစားထိုးပြီးကယ်ခဲ့တာလေ .. မေ.. တို့လည်း စုံစမ်းကြည့်ပါသေးတရ် ... ဘာသတင်းမှ မသိရဘူး .. ကျေးဇူးတင်ကြောင်းတောင် မပြောလိုက်ရဘူး ...
"
ကျွန်မနဲ့ မေ စကားပြောနေတုန်း ..Soo ရောက်လာတရ်...သူလာတော့ မေ ကအပြင်ထွက်သွားတရ်...

"  Soo ... လာလေ .. နင်ကော ဘာဖြစ်သွားသေးလည်း ...ခုကော ဘယ်လိုနေသေးလည်း .. သက်သာလား  "

" အေး .. Jen.. ငါ့ကိုကြီးပဲမေးမနေနဲ့ .. ငါကသက်သာနေပြီ .. ခုထိတော့ အပြင်ထွက်ရင် မျက်မှန် အမဲက တက်ရတုန်း ... မျက်စိက အလင်းဒါဏ်ကို ကျင့်သားမရသေးဘူးရယ် ...နင်ကော .. နှလုံးအခြေအနေ ... "

" ခုတော်တော်သက်သာနေပါပြီ...ဒါနဲ့လေ ... ငါ့တို့ကိုဆေးရုံပို့ပေးတဲ့သူကို နင်သိလား ... ငါတို့ကျောင်းကလို့ပြောတရ်.."

" မသိဘူးဟ .. ငါလည်းစုံစမ်းနေတာ .. မျက်ကြည်လွှာလှူလို့ ကျေးဇူးတင်စကားတောင်မပြောလိုက်ရဘူး ... သူလှူခဲ့လို့ နင်လည်းအသက်ရှင် ...ငါလည်း မျက်စိမြင်ရတာ ... "

မြတ်နိုးမိသည်မှ   အပWhere stories live. Discover now